My Omega {1}

3.1K 134 12
                                    


zawgyi💛🖤

idolကိုထိခိုက်လိုစိတ်လုံးဝမရှိပါ

"khaotung...မင်းကျောင်းသွားတော့မှာလား"

"အင်း..."

သူကျောင်းသွားခါနီး အလုပ်သွားဖို့ပြင်နေတဲ့ဒယ်ဒီက လှမ်းအော်တာကြောင့် သူ'အင်း'လို့သာဖြေလိုက်သည်။

ဟုတ်တယ်...သူက ကျောင်းသား...ဒီနေ့မှာ တက္ကသိုလ်ကိုပထမဆုံးတက်ရမှာဖြစ်လို့ သူအနည်းငယ်စိတ်လှုပ်ရှားနေရမှာဖြစ်ပေမယ့် သူဘာမှမခံစားရဘူး။

ထိုအစားအနည်းငယ်စိတ်ရှုပ်နေသည့်အကြောင်းက ဘေးအိမ်ကကောင်နဲ့ တွေ့ရမှာမလို့ပင်။ သူတို့တွေက ငယ်ငယ်ကတည်းက အိမ်နီးနားချင်းဖြစ်ခဲ့သော်လည်း ခေါ်ပြောခြင်းမရှိ၊ အကြောင်းမှာ အဖေနှစ်ယောက်သည် စီးပွားရေးပြိုင်ဘက်တွေ ဖြစ်သောကြောင့်ပင်။

မိဘတွေကလည်း...ငယ်ငယ်ကတည်းက သူတို့နဲ့မပက်သတ်ဖို့ နားသွင်းထားသည်မို့ တစ်ခါမှစကားမပြောဖူးတာတောင် အဲ့ဘေးအိမ်ကကောင်ကို အမြင်ကပ်နေသည်။

မတွေ့ချင်လို့ ကျောင်းပြောင်းတက်ခဲ့သော်လည်း...ဒီနေ့မှာတော့ မလွန်ဆန်နိုင်တော့ပဲ တက္ကသိုလ်ရောက်လာခဲ့တာကြောင့် မမြင်ချင်လည်း ရှောင်သွားရတော့မည်ဖြစ်သည်။

အိမ်ထဲကမထွက်ခင် အိမ်တံခါးမှန်ထဲက သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။

တကယ်ကိုချောမောပြီး ခန့်ညားလိုက်တာ၊ အဲ့တာကို ဘာလို့များ alphaမဖြစ်ပဲ သောက်ကျိုးနည်းဖို့ကောင်းလောက်အောင် Omegaဖြစ်နေရတာလဲ။

"khaotung မင်းအနံ့ကို သေချာဂရုစိုက်"

"ကောင်းပါပြီး"

သတိပေးလာတဲ့ သူ့အမေကိုပြန်ဖြေကာ သူ့ကိုယ်သူရှူကြည့်လိုက်သည်။ ရလာတဲ့alphaအနံ့တွေသည် သူ့ဒယ်ဒီရဲ့ alphaအနံ့တွေပင်။

ဒယ်ဒီက alphaတောင်မှ ရိုးရိုးalphaမဟုတ်ပဲ true blood alphaဖြစ်တာ​ကြောင့် pheromoneအနံ့က တအားပျင်းသည်။

သူအသက်ပြည့်တော့ စစ်ဆေးတဲ့ရလဒ်မှာ သူကomegaဖြစ်ကြောင်း သိလိုက်ရပြီး ဒယ်ဒီက သူ့အမျိုးမှာ ယောက်ျားလေးomegaမရှိဘူးဟုဆိုကာ သူ့ကိုမသေရုံတမယ် ထိုးနှက်ခဲ့သည်။

MY OMEGA✨🔥[ Completed ]Where stories live. Discover now