My Omega {9}

1K 83 11
                                    

unicode💛🖤

idolကိုထိခိုက်လိုစိတ်မရှိပါ

"ဒါတွေက ဘယ်သူလာထားသွားတာလဲ"

khaotungကျောင်းသို့ ရောက်လာချိန်တွင် သူ့စားပွဲပေါ်ရှိ မုန့်အများအပြားနှင့် လက်ဆောင်ပစ္စည်းတစ်ချို့ကြောင့် အတန်းထဲကလူတွေများ သိလိုသိငြားမေးလိုက်သည်။

"ငါမင်းကိုရှင်းပြမယ်"

နောက်ကနေလှမ်းပြောလာတဲ့firstကြောင့် သူလှည့်ကြည့်လိုက်တော့ firstရဲ့ခုံပေါ်မှာလည်း သူ့လိုပင် လက်ဆောင်တွေက တောင်လိုယာလိုပုံနေသည်။

"မင်းရောလား"

"အင်း...ကျောင်းဆင်းရင် တစ်နေရာလိုက်ခဲ့မလား"

"ကောင်းပြီးလေ"

..........................

"အဲ့တော့ ဒါတွေက မင်းနဲ့ငါရဲ့ ပရိတ်သတ်တွေက လာပေးသွားတာပေါ့.."

"အင်း"

first khaotungအား အနည်းငယ်စောင်းကြည့်ကာ အကဲခတ်လိုက်သည်။ လူတွေက သူတို့နှစ်ယောက်ကို ပေးစားနေကြတဲ့အပေါ် khaotungဘယ်လိုခံစားရလဲ သူသိချင်တာကြောင့်ပင်။...ဒါပေမယ့် khaotungမျက်နှာပေါ်မှာ ဘာမှပြောင်းလဲသွားတာမျိုး မတွေ့ရ။

"မင်းဘာမှမဖြစ်ဘူးလား"

"ဘာကိုလဲ"

"သူတို့တွေက ငါတို့ကိုshipနေတာကို ဘာမှမခံစားရဘူးလား...သဘောကျတာလား မကျတာလား"

"ဘာမှမဖြစ်ပါဘူး...ပုံမှန်ပါပဲ၊ ပြီးတော့ ငါဒီကိစ္စကိုသိပြီးသား"

"ဟမ်...သိပြီးသားလား"

"အင်း ဟိုနေ့ကတွေ့လိုက်တာ..first"

"အင်း"

"ငါ..."

khaotungက ထိုမျှသာပြောပြီးနောက် စိတ်မရှည်ဟန်ဖြင့် firstကိုဆွဲကာနမ်းလိုက်သည်။

ထိုအခိုက် firstသည် သတိလစ်သွားသလိုမေ့မျောသွားပြီး သူသည် ရေခဲရိုက်ထားသလို အေးစက်ငြိမ်သက်သွားရပြန်သည်။ ဒါက အရင်ကတစ်ခါက လိုမျိုးပဲ။

ထိကပ်ထားတဲ့ နှုတ်ခမ်းပါး တစ်စုံက သူ့နှုတ်ခမ်းဆီမှ ခွာသွားပြီးနောက် khaotungက စကားဆက်လာသည်။

MY OMEGA✨🔥[ Completed ]Donde viven las historias. Descúbrelo ahora