My Omega {10}final🌚🔥🔞

2.1K 100 12
                                    


unicode💛🖤

idolကိုထိခိုက်လိုစိတ်မရှိပါ

မနက်မိုးလင်းလို့ မျက်လုံးဖွင့်တဲ့အခါ ခင်ဗျားတို့အမြင်ချင်ဆုံးလူကို ကိုယ့်အိပ်ယာပေါ်မှာ..တစ်နည်းအားဖြင့် ကိုယ့်ရဲ့ရင်ခွင်ထဲမှာ အိပ်နေတာကို မြင်ရတဲ့ခံစားချက်ကလေ တကယ်ကို မြတ်နိုးစရာကောင်းတယ်။

အရာအားလုံးထက် ကျွန်တော့်ရင်ခွင်ထဲက omegaအလှလေးရဲ့ အိပ်စက်နေတဲ့မြင်ကွင်းက ပိုပြီးသဘောကျစရာကောင်းတယ်။

ဘာလို့ဆို အရမ်းလှလို့၊ ကျွန်တော့်ရဲ့ကောင်လေးက အဖြူရောင်ရှပ်အကျီနဲ့ အရမ်းလှနေတာဗျ။

ပြီးတော့ နောက်ထပ်သဘောကျစရာတစ်ခု ရှိသေးတယ်။ အဲ့တာက ကျွန်တော်သူ့ကိုအမှတ်အသားပေးသွားပြီး.... သူ့ရဲ့ဂုတ်ပိုးမှာ ကျွန်တော့်ရဲ့ အမှတ်အသားရှိနေပြီး၊ အခု ကျွန်တော်သူ့ကိုပိုင်သွားပြီး။

"အင်း....ဝါး"

khaotung အိပ်ချင်စိတ်မပြေသေးသည့် မျက်လုံးကိုအတင်ဖြဲကာ ဖွင့်လိုက်တော့...firstက သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး....ငါကြည့်နေတာ ဒီလောက်လှတဲ့omegaလေးက ငါ့ရဲ့အပိုင်ပဲဟုတ်ရဲ့လားလို့၊ ငါမယုံနိုင်သေးဘူး"

khaotungနှုတ်ခမ်းဖျားတွေ ကွေးညွတ်သွားပြီး firstနှဖူးအား လက်နဲ့တောက်လိုက်သည်။

"အ"

"ယုံပြီးလား...ငါကမင်းအပိုင်ပဲ၊ ထတော့ ဒီနေ့အတန်းရှိတယ်"

"အင်း...ဒီနေ့ကျောင်းသွားရင် မင်းကိုမေးကြလိမ့်မယ်....မင်းအဆင်ပြေရဲ့လား"

"ငါ့မှာ မင်းရှိနေပြီးပဲ...ငါအဆင်ပြေမှာပါ"

"မစိုးရိမ်နဲ့...ငါမင်းနားရှိပေးမယ်"

.....................

"khaotung...အရင်ရက်က ပြန့်သွားတဲ့ videoထဲမှာ မင်းပြောထားတာက တကယ်ပဲလား...မင်းက တကယ်omegaလား"

သူတို့အတန်းထဲရောက်သည်နှင့် ဘယ်သူမှမမေးရသေးခင် neoက တစ်တန်းလုံးကြားလောက်မယ့်အသံဖြင့် အော်မေးလာသည်။

MY OMEGA✨🔥[ Completed ]Where stories live. Discover now