unicode💛🖤idolကိုထိခိုက်လိုစိတ်မရှိပါ
သူတို့စားသောက်ပြီးတော့ neoက သူတို့အား ဦးဆောင်ကာ ဟိုတယ်အတွင်းသို့ခေါ်လာသည်။
"မင်းတို့တွေ စိတ်လှုပ်ရှားဖို့အသင့်ဖြစ်ပြီးလား"
neoက တံခါးတစ်ခုရှေ့၌ရပ်နေကာ သူတို့အားပြောလာသည်။
ပြီးတာနဲ့ သူက တံခါးတွန်းဖွင့်လိုက်တယ်ဆိုရင်ပဲ...သူတို့တွေအကုန် မှင်သက်သွားရသည်။
ထိုတံခါးရဲ့တစ်ဖက်မှာ တခြားကမ္ဘာကိုရောက်သွားသလား အောက်မေ့ရအောင် ခမ်းနားနေသည်။
တံခါးရဲ့တည့်တည့်တွင် စင်းကြံလမ်းတစ်ခုရှိသည်။ ထိုသည်က တော်တော်ကိုရှည်ပေမယ့် ဖြောင့်တန်းနေတာကြောင့် ဟိုဘက်အဆုံးတွင် ဘာရှိလဲဆိုတာကိုတောင် လှမ်းမြင်နေရသည်။
ဘေးဘက်မှာက အပင်မျိုးစုံကိုစိုက်ပျိုးထားတာကြောင့် တောအုပ်ထဲက လမ်းနဲ့ပင်တူညီနေသည်။ မတူတာက တောအုပ်လိုမျိုး အပင်အမြင့်တွေမဟုတ်ပဲ ရင်ဘတ်လောက်သာမြင့်သည့် အပင်တွေကိုသာ စိုက်ပျိုးထားတာကြောင့်ပင်။
ထိုလမ်းရဲ့အဆုံးမှာ ပင်လယ်ကြီးရှိပြီး တကယ်ကို တောလမ်းလိုမျိုး ပြင်ဆင်ထားသည်။တကယ်လို့ ပင်လယ်ကိုသွားမယ်ဆိုရင် ပန်းဥယာဥ်ကြီးကို ကျော်ဖြတ်သွားရမည်ဖြစ်သည်။
ထိုလမ်းတစ်လျှောက်လုံးက တကယ့်နေရောင်ခြည်က ရလာတဲ့အလင်းရောင်အတိုင်း လင်းထိန်နေပေမယ့် မီးတွေသာဖြစ်တာကြောင့် နေရောင်ခြည်လိုပူနွေးခြင်းမခံရနိုင်ပေ။
ဒါပေမယ့် လုံးဝပန်းဥယာဥ်ထဲရောက်နေသလို ခံစားရမည်ဖြစ်ပြီး ပိတ်လှောင်နေခြင်းမရှိအောင် အမိုးကို အမြင့်ကြီးလုပ်ထားကာ လေအတုတွေရော အောက်ဆီဂျင်ပါထည့်ထားပေးသည်။
"ဒါကြီးက သောက်ရမ်းခမ်းနားတယ်"
"ငါမပြောဘူးလား...အဲ့တာက ဒီဟိုတယ်ရဲ့ဆွဲဆောင်မှုအရှိဆုံးအပိုင်းပဲ လာခဲ့ကြ"
neoရဲ့နောက်ကို သူတို့တက်ကြွစွာလိုက်ခဲ့ကြသည်။
လမ်းအဆုံးရောက်တဲ့အခါမှာတော့ သူတို့တွေ ပင်လယ်ကြီးကို မြင်လိုက်ရကာ အမောတောင်ပြေသွားရသည်။
YOU ARE READING
MY OMEGA✨🔥[ Completed ]
Fanfictionဒါficက linnရဲ့ ဒုတိယမြောက် ficလေးပါ....ခပ်မိုက်မိုက်လေးသွားပါမယ်....❤ ..................... ဒါficက linnရဲ့ ဒုတိယမြောက် ficလေးပါ....ခပ်မိုက်မိုက်လေးသွားပါမယ်....