My Omega {5}

1K 95 6
                                    

unicode💛🖤

idolကိုထိခိုက်လိုစိတ်လုံးဝမရှိပါ

ဒီနေ့က ကျောင်းဖွင့်ရက်ဖြစ်တာ​ကြောင့် ကျောင်းမှာ လူတွေပြည့်နေကာ သူငယ်ချင်းတွေကလည်း ပြောမကုန်သော စကားတွေကို စုဖွဲ့ကာပြောနေကြတာကို နေရာအနှံ့တွေ့ရသည်။

သူလျှောက်လာရင်း...သူနဲ့louisချိန်းထားတဲ့ နေရာရောက်တော့ louisက ထိုင်ခုံမှာမိုင်မိုင်ကြီးထိုင်နေတာကို တွေ့လိုက်ရသည်။

"ဟေး....မင်းဘာဖြစ်နေတာလဲ၊ဘာလို့ မျက်နှာက မိုင်နေရတာလဲ"

"ဘာမှမဖြစ်ပါဘူး....ကျောင်းထဲဝင်ရအောင်လေ"

louisက ခုနကမျက်နှာအတိုင်းမဟုတ်တော့ပဲ သူ့ကိုပြုံးကာ ပြောလာသည်။

"အင်း"

khaotung သွားတော့ဖို့ပြင်နေတဲ့ louisရဲ့ ပုခုံးကို ခပ်ဖွဖွပုတ်ကာ

"louis.....မင်းမှာ အဆင်မပြေတာတစ်ခုခုရှိရင် သူငယ်ချင်းကိုရင်ဖွင့်လို့ရတယ်နော်"

သူပြောလိုက်တော့ louisက အားဖျော့စွာပြုံးပြလာသည်။

သူတို့နှစ်ယောက်လုံး စာသင်ခန်းထဲရောက်တော့ လူတွေက အနည်းငယ်သာရှိသေးသည်။

"ဒါနဲ့ မင်းဒီရက်တွေထဲ ဘယ်ရောက်နေတာလဲ"

khaotung...louisရဲ့မေးခွန်းဘယ်လိုဖြေရမှန်းမသိပေ။

true blood alphaနဲ့ ၇ရက်လုံး မရပ်မနား ​ကစားခဲ့ကြပြီး၊ သူကomegaဆိုတာကိုပါ ထုတ်ပြောရမှာလား။

"အိမ်စာပေးထားတဲ့ ပရောဂျက်က မပြီးသေးလို့ ထွက်ပြေးသွားတာ"

"fuck!...တကယ်ကြီးလား"

"အတည်"

louisက ဘာမှဆက်မပြောတော့ပေ။

"ဟျောင့် first၊ မင်းငါ့ကိုနေ့လည်စာဝယ်မကျွေးရင် မင်း၇ရက်လုံး ပျောက်နေတဲ့အကြောင်း တလောကလုံးသိအောင် ကြေညာမောင်းခတ်လိုက်မှာ"

khaotungသည် ထိုအသံကိုကြားတာနဲ့ neoအသံမှန်း ရိပ်မိလိုက်ကာ တစ်ဆက်တည်း firstရောက်လာပြီးဆိုတာသိလိုက်တာကြောင့် သူ့ရဲ့ကိုယ်က ရေခဲရိုက်ထားသလို အေးစက်ကာ တောင့်တင်းသွားရသည်။

MY OMEGA✨🔥[ Completed ]Where stories live. Discover now