My Omega {6}

1K 97 8
                                    

unicode💛🖤

idolကိုထိခိုက်လိုစိတ်မရှိပါ

သူအဖေ့ရဲ့အရှုပ်ထုတ်ကို သွားကြိုဖို့အတွက် ပြင်နေတုန်း ဖုန်းဝင်လာသည်။

"အေး...ပြော neo"

"ငါတို့တွေ အပျော်ခရီးထွက်မလို့ မင်းလိုက်ခဲ့ချင်လား"

"ဘယ်တော့သွားမှာလဲ"

"၉ နာရီလောက်....ဘယ်လိုလဲ"

"အဲ့အချိန်ဆိုရင်တော့ ငါမအားသေးဘူး၊ တစ်ယောက်ယောက်ကို သွားကြိုရမှာမို့"

"ဘယ်သူလဲ"

"ငါ့အဖေရဲ့ စင်ကာပူက အရှုပ်ထုတ်လေ"

"အော်....အေးအေး၊ အဲ့တာဆိုလည်း ကောင်းပြီး ငါတို့တွေဒီမှာလူစုနေပြီး, ဟေး khaotung မင်းရောက်လာပြီးလား"

neoက ဖုန်းတစ်ဖက်ကနေ လှမ်းပြောလိုက်တာကြောင့် သူ့စိတ်တွေလှုပ်ရှားသွားရသည်။

"khaotung, neo....khaotungပါ ပါတာလား"

"အေး...ငါကသူ့သူငယ်ချင်းနဲ့ရင်းနှီးတော့ သူ့ကိုပါ တစ်ခါတည်းခေါ်ခိုင်းလိုက်တာ"

"ကျစ်!...ငါလိုက်ခဲ့မယ်"

"ခုနက မင်းပြောတော့ သွားကြိုရမှာဆို"

"မိချောင်းသား၊ မင်းကလေ လျှာတော်တော်ရှည်တယ်...ဒါပဲ ငါအခုထွက်လာပြီး"

"အေးအေး"

neoဖုန်းကိုချပြီးတာနဲ့ သူခရီးသွားဖို့ အကျီအနည်းငယ်ထည့်လိုက်ကာ ထွက်လာခဲ့လိုက်သည်။

ကားပေါ်ရောက်တော့ ကားမောင်းနေရင်းနဲ့ပင် ဖုန်းတစ်ခုကိုဆက်လိုက်သည်။

"ဟယ်လို..."

"အေး..မင်းအခုပြင်ဆင်သွားပြီးလား လေယာဥ်က သိပ်မကြာခင်ရောက်တော့မှာ"

"ကျွန်တော် သွားလို့မရတော့ဘူး၊ ကိစ္စတစ်ခုပေါ်လာလို့...အဲ့တာအသိပေးတာ"

တီ......

သူဖုန်းချပြီးတာနဲ့ ကားကိုအရှိန်အမြန်တင်ကာ မောင်းလာလိုက်တာ ခဏလေးအတွင်းပင် neoရဲ့အိမ်ကိုရောက်လာသည်။

"သားfirst....မတွေ့ရတာကြာပြီး အန်တီက သတိရနေတာ"

အိမ်ထဲရောက်တော့ neoရဲ့အမေက ပြုံးရွှင်ကာ လှမ်းနှုတ်ဆက်သည်။

MY OMEGA✨🔥[ Completed ]Where stories live. Discover now