မေမေမသိအောင် လက်ကဒဏ်ရာကို
ဖုံးကာဖိကာ နေပြီး
ဒဏ်ရာသည် သုံး၊လေးရက်ကြာပြီးသည့်နောက်အရှင်းပျောက်သွားပြီဖြစ်သည်။အိပ်ယာထ ရေချိုး၊မျက်နှာသစ်ပြီးတာနဲ့
ကျောင်းဖွင့်ရက်ဖြစ်သည့်အတွက်
ရေပါတစ်ခါတည်း ချိုးလိုက်သည်။ဗီရိုထဲက ကျောင်းဝတ်စုံလေးကို
ဝတ်ပြီး ပကတိကြည်ရှင်းနေသော
မျက်နှာဖွေးဖွေးထက် creamလေးနည်းနည်းလိမ်းပေးလိုက်သည်။ခေါင်းကဆံပင်တို့ကို
ဘီးနဲ့ သေချာဖြီးကာ ခပ်အုပ်အုပ်လေးချထားလိုက်သည်။ ဆွတ်နေကျ ရေမွှေးရနံ့သင်းသင်းလေးကို အနည်းငယ် ဆွတ်ပြီး၊sneakerဖိနပ်အဖြူလေးကို စီးပြီးသည့်နောက်တွင်တော့
ပြင်ဆင်ခြင်းပြီးဆုံးပြီဖြစ်သည်။"မေမေ"
"ဟော သားလေးနိုးလာပြီ "
"ဟုတ် သား ကျောင်းမှပဲ မနက်စာ
စားလိုက်တော့မယ်""ဘာဖြစ်လို့လဲ?အတန်းချိန်က စောသေးတယ်မလား?"
"ဟုတ်တယ် မေမေ။သား စာကြည့်တိုက်ကိုလည်း ဝင်ချင်သေးလို့ "
"ဟုတ်ပါပြီ
ညနေ အိမ်ပြန်နောက်မကျစေနဲ့။
မေမေတို့ သွားစရာရှိတယ်""ဟုတ် "
မေမေ့ကို နှုတ်ဆက်ကာ
ခြံတံခါးပိတ်ပြီး သူ ထွက်လာခဲ့တော့သည်။"Jimin "
"အင်း ရောက်နေတာကြာပြီလား?
အိမ်ထဲတော့ မဝင်ခဲ့ဘူး"အိမ်ရှေ့တွင် ရပ်စောင့်နေသော
Seokie ကို ပြောလိုက်တော့ နွေးထွေးစွာ
ပြုံးပြလာသည်။ညက သူ ကျောင်းကို
စောစောသွားမည်ဖြစ်ကြောင်း
Seokဆီ ဖုန်းဆက်ပြောတော့ သူပါ
တစ်ခါတည်းလိုက်ခဲ့မည်ဟု ပြောခဲ့သောကြောင့်ပင်။အမှန်တကယ်ဆို အတန်းချိန်စဖို့က
တော်တော်လေးလိုသေးသည်မို့ အိမ်မှာ
ကောင်းကောင်းနားလို့ရသည်။စာကြည့်တိုက်တွင် ရှာစရာ စာအုပ်လေးရှိနေသည်မို့
သူ စောစောသွားခြင်းသာ။နေ့လည်ခင်းအတန်းအားတဲ့အချိန်တွေ သွားဖို့ကျ
လူများနေမည်ဖြစ်သောကြောင့် မနက်ခင်း
လူရှင်းချိန် သွားရန်ပင်ဖြစ်သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်