❣️ Part-32 ❣️

3K 210 14
                                    

အချစ်ခရီးစဉ် စခါနီး ထွက်ပေါ်လာသည့်
တံခါးခေါက်သံကြောင့် နှစ်ဦးသား ရပ်တန့်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတော့သည်။

"သားတို့ နိုးနေပြီလား?"

မေမေ့အသံကိုကြားလာရသည်မို့ jimin
Jungkook ကိုယ်ကို တွန်းကာ အမြန်ထရတော့သည်။

"ဟုတ်!နိုးနေပြီ မေမေ "

"အေးအေး အ့ဆိုလည်း ဆင်းခဲ့ကြတော့။
မနက်စာ စားရအောင် "

"ဟုတ် မေမေ ။သားတို့ ဆင်းလာခဲ့မယ် "

မေမေ့အသံ ဆက်မကြားရမှ jimin သက်ပြင်းချမိတော့သည်။

"အ့!"

အိပ်ယာပေါ် ထိုင်နေဆဲဖြစ်သော jiminအား
Jungkook ပြန်ဆွဲကာ လှဲချလိုက်သည်မို့
Jimin လန့်သွားတော့သည်။

"မောင်!တော်ပြီလေ။ မေမေ ခေါ်နေပြီ "

"ခနပဲလေ"

"မရဘူး!မောင့်အကြောင်း ငါသိတယ် "

"Jiminရာ !"

"မောင်ရယ် လိမ်မာပါတယ်။မေမေခေါ်နေပြီမို့ပါ။ည ညမှလေ "

"အကြာကြီးပဲ စောင့်ရဦးမှာ "

Jungkook မျက်နှာသည် လိုချင်တာမရ၍
ဂျီကျနေသော ကလေးလေးနှင့်တူနေပေသည်။
Jimin ပြုံးကာ jungkook ပါးပြင်နှစ်ဖက်ဆီ
အုပ်ကိုင်လိုက်သည်။

"ညကျ မောင့်စိတ်ကြိုက်၊မောင့် ဆန္ဒအတိုင်း
ချစ်ခွင့်ပေးပါ့မယ် "

Jimin စကားကြောင့် Jungkook မျက်လွှာပင့်ကာ
ကြည့်လာသည်။

"တကယ်လား!?"

"အင်း "

"အ့ဆို အခုနမ်းဦးမယ် "

"မောင်ရေ!မဆိုးပါနဲ့!ညမှ မောင့်စိတ်ကြိုက်နမ်းပါ။အခုတော့ မျက်နှာသွားသစ်ပါတော့နော် "

"ဒီက လွမ်းနေတာကိုကွာ !"

"ညမှ အလွမ်းဖြေပါ။အခု မျက်နှာသစ်တော့နော်။
အောက်ထပ်က စောင့်နေမယ် "

မောင့်ကို ရေချိုးခန်းထဲ တွန်းပို့ပြီးနောက်
Jimin လည်း အောက်ထပ်သို့ ဆင်းခဲ့တော့သည်။မေမေက ခရုဆန်ပြုတ် ကျိုပေးထားသည်မို့
ပန်းကန်လုံး သုံးလုံးယူကာ ဇွန်းနဲ့ ခပ်ထည့်လိုက်သည်။

ရင်မှာ ဒီလောက်ချစ်ပါသည်Where stories live. Discover now