ချစ်ခြင်းတရားတွေကို မောင်တစ်ယောက်
မမြင်ခဲ့ခင်၊မတုံ့ပြန်ခဲ့ခင် အချိန်တွေတုန်းက
သူ့အတွက် နေ့ရက်တွေက ကျေနပ်ခြင်း၊
ရောင့်ရဲခြင်း၊နားလည်ပေးခြင်း၊အပြစ်မမြင်ရက်ခြင်းတို့နဲ့သာ ပြည့်နှက်နေခဲ့ပေမယ့်
မောင်တစ်ယောက် သူ့ရဲ့ မေတ္တာတွေကို
ပြန်တုံ့ပြန်လာခဲ့သည့် အချိန်မှာတော့
နေ့ရက်တိုင်းက တိမ်တွေပေါ်မှာ လွင့်နေသလိုမျိုးပင်။"Jungkook "
"ဟမ် "
ကျောင်းဝတ်စုံ အင်္ကျီအား ကြယ်သီးတပ်နေရင်း
မောင်က ပြန်ထူးလာသည်။"ဘာမှမဟုတ်တော့ဘူး "
Jimin မေးဖို့ ကြံလိုက်သော်လည်း
ရှက်သည့်စိတ်ကြောင့် မမေးတော့ပေ။ကြယ်သီးတပ်နေရင်း jungkook၏
မျက်ခုံးတန်းတို့ တွန့်ချိုးမိသွားသည်။"ဘာလဲ?ဘာပြောမလို့လဲ?"
"ဟင် ဘာမှမဟုတ်ပါဘူး "
"မလိမ်နဲ့!ကိုယ့်ကို တစ်ခုခုပြောချင်နေတာမလား?"
မွေ့ယာပေါ် ခြေချထိုင်နေသော
သူ့အနားသို့ ရောက်လာပြီး
သူ့အနီးနားက မွေ့ယာထက် လက်နှစ်ဖက်ထောက်ကာ ခါးကိုင်းမေးလာသည်။သူ့ရင်ခွင်ထဲရောက်နေသည်က ကိစ္စမရှိပေမယ့် အပေါ်ကြယ်သီး မတပ်ထားရသေးသည့် မောင့်ရင်ဘတ်ဖွေးဖွေးတို့ကို အထင်းသားမြင်နေရသည်မို့
Jimin မျက်နှာလေးရဲကာ ဘေးသို့ လွှဲမိတော့သည်။"မဟုတ်!မဟုတ်ပါဘူး "
"မပြောဘူးလား?"
"ဟင်!"
"မင်း ပြောချင်တဲ့စကားကို ပြောလို့ "
"ဟို ဘာမှမဟုတ်ပါ-"
ရွှတ်
မျက်လုံးချင်းလည်း မဆိုင်၊မျက်နှာကိုလည်း
ဘေးဘက်လှည့်ထားသည့်အတွက် မြင်နေရသည့်
ပါးပြင်လေးကို မွှေးကြူလိုက်တော့
မျက်လုံးလေးပြူးကာ လှည့်လာတော့သည်။"ပြော !"
"ဘာမှမဟုတ်ပါဘူးဆို-"
ရွှတ်
မျက်နှာချင်းဆ်ုင်လာပေမယ့်
ခေါင်းငုံ့ကာ နေသူအား ကျန်သည့်ပါးပြင်လေးအား ထပ်နမ်းလိုက်တော့ သူ့ပါးနှစ်ဖက်လုံးကို
လက်သေးသေးလေးတွေဖြင့် အုပ်ထားတော့သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်