Hoseok၏ အိမ်သို့ jiminနဲ့ jungkook အလည်ရောက်နေခြင်းပင်။စာတွေနဲ့သာ လုံးပန်းနေရသော အချိန်များကြောင့် ခေတ္တအနားပေးရန်
Seokie အိမ်သို့ ထွက်လာကြခြင်းပင်။"ဟာ !မင်းတို့ လာတယ် !"
သူတို့ကို မြင်သည်နှင့် ခြံထဲ ရေပိုက်နဲ့
ပန်းပင်များအား ရေဖြန်းနေသော hoseokသည်
ဝမ်းသာစွာ နှုတ်ဆက်လာသည်။"အင်း ။မင်းဆီ အလည်လာတာ။
စာတွေပဲ လုပ်နေရတော့ နည်းနည်းအပျင်းတစ်လာလို့ "Jimin စကားကြောင့် hoseok ရယ်မိတော့သည်။
Jiminလို ထိပ်တန်းကျောင်းသားတစ်ယောက်က
ပျင်းသည်ဆိုသော စကားသည် ရီစရာတော့ ကောင်းနေသည်။"မင်းလိုလူက ပြောမှတော့ ငါတို့လို
လူတွေက နေစရာမရှိတော့ဘူးပေါ့ကွာ "သူပြောလိုက်တော့ မျက်မှောင်လေးကြုံ့ကာ
ပြုံးစစလုပ်ပြလာသည်။သဘောက
သူ့ကို မြှောက်နေသည်ပေါ့။ရောက်ကတည်းက jimin ဘေးကနေ
မတ်တပ်သာ ရပ်နေသော ကျောက်တိုင်ကြီးအား
စချင်သည့် စိတ်က ပေါ်လာရသည်။လက်ထဲက
ကိုင်ထားသော ရေပိုက်ကို အကြည့်ရောက်တော့
Hoseok ဟန်ပါပါ တစ်ချက်ပြုံးမိတော့သည်။"ဟာ!!!"
"Hoseok!!!"
ရေပိုက်အား Jungkook ရှိရာ ဦးတည်လိုက်တော့
သူ့ကို ရေရွဲသည်နှင့် မျက်လုံးပြူး၊မျက်ဆံပြူးနဲ့
Hoseokအား အော်လေတော့သည်။hoseokက
တဟားဟားရယ်ရင်း ရေပိုက်နဲ့သာ
ဆက်တိုက် ပတ်နေသည်ကြောင့် Jungkook တစ်ကိုယ်လုံးလည်း စိုရွဲနေပြီဖြစ်သည်။နောက်ပိုင်း Jungkook ဒေါသထွက်စွာ
Hoseokဆီက ရေပိုက်အား ပြန်လိုက်လုရင်းနဲ့
ခြံထဲတွင် ရုန်းရင်းဆန်ခက်ဖြစ်ကုန်ကြတော့သည်။မတည့်အတူနေ နှစ်ယောက်အား
ကြည့်ရင်းနဲ့ jiminမှာလည်း တခစ်ခစ်နဲ့ သဘောကျနေရတော့သည်။သူတို့နှစ်ယောက် ရေပိုက်လုနေသည်ကို
ရယ်သံလွင်လွင်လေးများ ပေါ်အောင် ရယ်နေသော jiminအား hoseokနဲ့ jungkookကြည့်လိုက်ကြသည်။ထို့နောက် နှစ်ယောက်သား
မျက်စပစ်ပြကြပြီးနောက် သဘောကျစွာ ရယ်နေသော လူသားလေးရှိရာဆီ ရေပိုက်ကို ဘက်ပြောင်းလိုက်လေတော့သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်