မောင်သည် သူ့အား တကယ် စိတ်ဆိုးနေသည်မှာ
ယခု နေ့လည် ရောက်သည်အထိ ဖုန်းတစ်ခါလေးမှ ခေါ်မလာပါ။အရင်ရက်များဆိုရင် ဖုန်းမခေါ်ဖြစ်ရင်တောင် စာလေးတစ်စောင် အမြဲ message ပို့တတ်သော မောင်သည် ယခုတွင်တော့ စာလည်းမလာ၊ဖုန်းလည်း မခေါ်တော့ပေ ။အလုပ် လုပ်နေသော်လည်း စိတ်က မောင့်ဆီသာ
ရောက်နေသည်မို့ အလုပ်ထဲတွင် အာရုံမစိုက်နိုင်ပေ။သူ့ဘက်က ဖုန်းခေါ်လိုက်ရင်လည်း မောင်
မအားတဲ့အချိန် ဖြစ်နေမည်စိုးတာကြောင့် ငြိမ်နေရသည်။တီ တီ
Message ဝင်လာသံကြောင့် မောင့်ဆီကများလားဟု ထင်ကာ ဝမ်းသာအားရ ကြည့်မိလိုက်သော်လည်း အန်ကယ် လီမင်ဂျယ် ဆီက ဖြစ်နေသည်မို့ မျက်နှာ ပြန်ငြိုးသွားရပြန်သည်။
အန်ကယ်ပို့လိုက်တဲ့ message ကို ဖွင့်ကြည့်လိုက်တော့ ဆိုင် လိပ်စာတစ်ခုပင်။ဒါ jimin ညပိုင်း အချိန်ပိုင်း အလုပ် လုပ်မည့် နေရာပင်ဖြစ်သည်။
စာထဲမှာလည်း ဒီနေ့ကစ အလုပ်ဆင်းရမည်ဟု ပြောထားသောကြောင့် မေမေ့ဆီကို
ကြိုပြောထားလိုက်သည်။fightint jimin ။
မင်း လုပ်နိုင်တယ် ။ကိုယ့်ကိုကိုယ် အားပေးရင်း
အလုပ်ကို ပြန်အာရုံစိုက်လိုက်သည်။namjoon
Hyungနဲ့ seokjin hyung သည် အတွဲလိုက် အပြင်ထွက်သွားသည်မို့ ဆိုင်ထဲတွင် သူ တစ်ယောက်သာ ကျန်ခဲ့ခြင်းဖြစ်သည်။လူလည်းရှင်းသည့် အတွက်ကြောင့် စားပွဲများကို tissueနဲ့ လိုက်သုတ်ကာ သန့်ရှင်းရေး လုပ်နေလိုက်သည်။စားပွဲများ ရှင်းပြီးသည်နှင့် ကြမ်းပြင်ကို ကြမ်းတိုက်ဝတ်နှင့်ပါ ပွတ်တိုက် သန့်ရှင်းစေလိုက်သည်။ရေဖြန်းဘူးလေး ယူကာ ဆိုင်အတွင်းက ပန်းအိုးအလှလေးများအား ဖြန်းပက်ထားလိုက်သည်။ဆိုင်တွင်း တစ်ခုလုံး သန့်ရှင်းရေး လုပ်ပြီးသည်နှင့် counterက ထိုင်ခုံလေးတွင် ထိုင်ကာ အပန်းဖြေနေလိုက်သည်။ဖုန်းလေး လက်ထဲကိုင်ထားပြီး မောင့်ဆီ
ဖုန်းခေါ်ရမလား?မခေါ်ရမလား ?ဝေခွဲခက်နေတော့သည်။ကိုင်တာ၊မကိုင်တာ မောင့်အပိုင်းပဲမို့
သူ့ဘက်ကတော့ ကြိုးစားကာ ခေါ်လိုက်တော့သည်။ဖုန်းသံလေးသည် တဒူဒူဝင်သွားသော်လည်း အချိန်ကြာမြင့်သည်အထိ ကိုင်သူမဲ့နေဆဲပင်။ပထမဖုန်းခေါ်ဆိုခြင်း ပြီးဆုံးသွားသည်။ဒုတိယတစ်ခေါက် ထပ်ခေါ်ခဲ့သည်။ကိုင်သူမဲ့နေဆဲပင်။တတိယတစ်ခေါက် ထပ်ကြိုးစားခဲ့သည်။ရှေးနည်းအတိုင်းပင်။နောက်ဆုံး သက်ပြင်းချကာ လက်လျော့လိုက်တော့သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictionငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်