"jimin "
ဒီနေ့ hoseokက နေမကောင်းသည်မို့
Jimin တစ်ယောက်တည်းသာ ကျောင်းဆီသို့
လမ်းလျှောက်လာနေရင်း ကျောင်းပေါက်ဝနားအရောက်တွင် ခေါ်သံကြောင့် ကြည့်မိတော့ အမဆူယောင်းပင်။"အမဆူယောင်း !
Jungkook ဆီလာတာလား ?"Jimin ဖြစ်နိုင်ချေရှိသည်ကို မေးလိုက်တော့
ခေါင်းရမ်းပြလာသော အမဆူယောင်းကြောင့် ကြောင်သွားမိသည်။ဒါဆို
ဘယ်သူ့ဆီလာတာလဲ?Jimin ရပ်ကြည့်နေတုန်းမှာပဲ
အမဆူယောင်းက သူ့ဆီ လျှောက်လာသည်။
သူ့ရှေ့တွင် ရပ်လိုက်ပြီး လှပသော အပြုံးလေး ပြုံးပြကာ -"မင်းဆီလာတာ"
"ဗျာ !ကျွန်တော့်ဆီလား?"
Jimin သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ မေးတော့ အမဆူယောင်းက ခေါင်းငြိမ့်ပြလာသည်။
"ကျွန်တော့်ဆီ ဘာကိစ္စရှိလို့လဲ အမဆူယောင်း?"
"အမတို့ကျောင်းက ပိတ်ရက်လေ ။
အဲ့တာ အမလည်း အိမ်မှာ ပျင်းတာနဲ့
ထွက်လာလိုက်တာ။jiminကို သတိရသွားလို့ လာတွေ့တာ"" ဟုတ် "
"Jimin အတန်းချိန်က ဘယ်ထိလဲ?"
"မနက်ခင်း နှစ်ချိန်ပဲရှိတယ် "
"ဟုတ်လား ?အ့ဆို အမ ကျောင်းရှေ့မှာဘဲ
စောင့်နေမယ်။""ဟင် ...ဘာလုပ်ဖို့ စောင့်မှာလဲ ?"
" jiminနဲ့ ခန အပြင်လည်ချင်လို့။ဘာလို့လဲ?အဆင်မပြေဘူးလား?"
Jimin ငြင်းလိုက်ချင်ပေမယ့်
Jungkook သဘောကျနေသည့် မိန်းကလေးဖြစ်သည့်အတွက် ကူညီပေးရန် တွေးကာ
သဘောတူလိုက်သည်။"ရပါတယ်... သွားကြတာပေါ့"
"ဟုတ်ပြီ ။အမ ကားထဲကပဲ စောင့်နေမယ် "
"ဟုတ်ကဲ့ "
အမဆူယောင်းအား နှုတ်ဆက်ကာ
Jimin ကျောင်းဝင်းထဲသို့ ဝင်လာလိုက်သည်။ကျောင်းသားတစ်ချိူ့၏ အားကျသလို အကြည့်များကိုလည်း ရလိုက်သည်။
ကြည့်ရတာ အမဆူယောင်းနဲ့ သူနဲ့ ကို
တစ်မျိုးတွေးနေကြခြင်းဖြစ်မည်။ထိုသူတို့ကို ဂရုမစိုက်ဘဲ
Jimin စာသင်ခန်းထဲသို့သာ ဝင်လာလိုက်သည်။
YOU ARE READING
ရင်မှာ ဒီလောက်ချစ်ပါသည်
Fanfictieငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်