" ကိုယ်တို့ လက်ထပ်ကျစို့! "
".. "
" ကိုယ်တို့ လက်ထက်ကျရအောင်! "
" .. "
" ကိုယ်မင်းကို အရမ်းချစ်တယ်..
ကလေးလေး ကိုယ်တို့လက်ထပ်ကျစို့နော်.."" .. "
" ကလေးလေး ကိုယ့်ကိုလက်ထက်မယ်မလား.. "
" .. "
" ကလေးလေး..ကိုယ်နဲ့အတူအိုမင်းသွားရအောင်.."
" .. "
ဟူးးးး!!
မှန်ရှေ့မှာ မျက်နှာအနေအထားနဲ့အမူအယာဟန်ပန်ကိုသေချာလေ့ကျင့်နေတဲ့ နှစ်ယောက်မရှိတဲ့ ဒိုဂယောင်ဆူးပါလေ။
သူ့အသက် ၃၀ပြည့်ပြီးနေပြီလေ!
သူ အိမ်ထောင်ပြုသင့်နေပြီ!
ဟုတ်တယ်မလား?ဟိုသကောင့်သားလေးကလည်း လက်ထက်ဖို့က်ိစ္စ အခုထိစကားစမလာသေးတော့သူကပဲစပြောလိုက်ရမလား။သူ့က်ိုများ သကောင့်သားလေးကရယ်နေလေမလား!ရယ်ကြည့်ပါလား!
မီးပွင့်သွားမယ် ဟျောင့်!ဒါမှမဟုတ် ဟိုကောင်လေးကသူ့က်ိုအပျော်ကြံနေတာများလား..။
ကိုယ်လုံးပေါ်မှန်ရှေ့မှာ မျက်နှာထားအမျိုးမျိုး၊နှုတ်ခမ်းဆူလိုက်ထောလာလိုက်နဲ့ပြောင်းလဲနေတဲ့ သူ့ကိုသူကြည့်ပြီး နောက်ဆုံး တွေးမိတာတစ်ခုက..
သူမင်းသားလုပ်သင့်တယ်ထင်တယ်!
ကဲကြည့်! ဘယ်လောက်ချောမောလိုက်တဲ့သူလေးပါလိမ့်!ချက်ချင်းလက်ငင်းနာမည်ကြီး အော်စကာအထိပေါက်မယ့်ရုပ်လေး! အဲ့ကျမှ ဟိုသောက်ကလေးက ကိုကိုရေ..လက်ထက်ကျမယ်ပြောကြည့် ဖနောင့်နဲ့ကိုဆောင့်ကန်ပစ်အုန်းမယ် ဟမ့်!
" ကိုကိုရေ.."
" ကိုကိုရေ!! "
" ကိုကိုလို့!! "
အမလေးးး မောင်မင်းကြီးသားအသက်ရှည်ပါအုန်းမယ်!! ပြန်လာပြီထင်ပါ့!
" ကိုကိုကလည်းကွာ..သားခေါ်နေတာကိုထူးဘူး.."
ထူးပါတယ် ဖေ့သားလေးရယ်!
အတွေးထဲကနေ!သူ့ကိုအနောက်ကနေဝှိက်ဖက်လာရင်း မကျေနပ်စွာပြောနေတဲ့ ဒီကလေး။