" ကိုကို.."
" အွန်း.."
" အချစ်ဆိုတာ ဘာလဲ? "
" ဟမ်? "
စနေတာလားဆိုတဲ့အတွေးနဲ့
ဒီကောင်လေးဖက်ကိုခေါင်းလှည့်ကြည့်မိတော့ သူ့ကိုကြည့်မနေပဲ အခန်းမျက်နှာကျက်ကိုကြည့်လို့ တည်တည်တံ့တံ့ပြောနေဟန်ဖြစ်တယ်။ဘာလားးညာလားး။
" ကိုကိုလို့! "
" အင်း.."
" ကိုကိုခံယူထားတဲ့အချစ်ဆိုတာက ဘာလဲလို့ဆို.."
အချစ်..အချစ်..။
တော်တော်လေး ခက်ခဲလှတဲ့မေးခွန်းပဲဖြစ်တယ်။ပြီးတော့ ဒီလိုအချိန်မှာဒီလိုမေးခွန်းကိုဖြေရလိမ့်မယ်လို့လည်း သူဘဝမှာတစ်ခါမှမတွေးဖူးတဲ့အရာဖြစ်တယ်။မနေ့ကနေ့လည်ကအချစ်စမ်းပွဲက ညနေတော်တော်လေးစောင်းမှ ကိစ္စကပြီးတယ်။တကယ်တော့ပြီးသွားတာမဟုတ်ပဲ သူကပင်ပန်းလွန်းအားကြီးလို့သတိတောင်မကပ်တော့ပဲမေ့သွားတာပဲထားပါတော့လေ။သူနိုးလာတော့နောက်နေ့ နေ့လည်တောင်ရောက်နေပြီ။ဟိုသကောင့်သားလေးကတော့ မျက်နှာငယ်လေးနဲ့ သူမှားပါတယ်၊သူမှားသွားပါတယ်ဆိုပြီး သူ့နားကပ်လို့တတွတ်တွတ်နဲ့ပွစိပွစိပြောနေတာမပြီးနိုင်ဘူး။နောက်ဆုံးရပါတယ်၊အဆင်ပြေပါတယ်၊ရိုးနေပါပြီ၊အခုတော့ ဗိုက်အရမ်းဆာနေလို့တစ်ခုခုကျွေးပါအုန်းလို့တောင် မနည်းပြောယူရတဲ့သူ့အဖြစ်ကို ခင်ဗျားတို့ကို မြင်တွေ့စမ်းစေချင်တယ်။
ရေအရင်ချိုး၊ပြီးမှ ဗိုက်ဆာဆာနဲ့
နေ့လည်စာရောညနေစာပါ ပေါင်းပြီးတစ်ဝကြီးစားပစ်လိုက်တယ်။ပြီးတော့မှ ထမင်းလုံးစီရင်း TV ကြည့်လို့အနားယူနေမိတာ ညနေစောင်းအထိပါပဲ။ဟိုအကောင်ပေါက်လေးကလား..?
သူကတော့ ကျွန်တော့ဘေးနားမှာ
ရှိတယ်လေ၊မရှိလို့လည်းမရပါဘူး။ဘာလို့မရတာလဲဆိုတော့ ဒီကောင်လေးကိုသူက တောက်တိုမရလျှောက်ခိုင်းစားနေရလို့ပေါ့!ပင်ပင်ပန်းပန်းခိုင်းနေတယ်လို့တော့ မတွေးစေချင်ပါဘူးနော်!ရေလေးခပ်ပေးပါအုန်းတို့!
အအေးလေးသောက်ချင်တာတို့!
နေကြာစိအခွံခွာခိုင်းတာတို့!
အာလူးကြော်လေးခွံကြွေးခိုင်းတာတို့ဘာတို့ပေါ့ဗျာ!