မင်္ဂလာခန်းမကြီးထဲမှာ..
အဖြူရောင်ဆင်တူဝတ်ထားတဲ့ သတို့သားနှစ်ယောက်က အပြုံးကိုယ်စီနဲ့အတူတူရှိနေတယ်။သူတို့နှစ်ယောက်ခန်းမထဲကို လက်တွဲပြီးဝင်လာတဲ့အခါ ခန်းမထဲမှာရှိနေတဲ့ဧည့်ပရိတ်သတ်အပေါင်းက ထိုင်နေရာမှထလာပြီး တစ်ပြိုင်နက်လက်ခုပ်တီးသြဘာသံနဲ့ကြိုဆိုပေးကျတယ်။
ဒါဟာ သူတို့နှစ်ဦးအတွက်ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်တယ်..။
မျက်လုံးချင်း..အပြုံးချင်းထပ်တူကျ။
အကြည့်ချင်းဆုံသွားတဲ့အခါ ထပ်တူမျက်ရည်စတွေနဲ့ဝေ့သီလို့။
သူတို့နှစ်ယောက်စလုံးကြည်နူးလို့
ပြုံးပျော်နေကျတယ်။ဖာသာရှေ့မှောက်မှာ သူတို့နှစ်ဦးရဲ့ကျမ်းသစ္စာကျိန်ဆိုနေသံက
ခန်းမထဲမှာဟိန်းထွက်လို့နေတယ်။ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်
မသိအောင်ရေးထားတဲ့ အချစ်စာလွှာလေးတွေကို တစ်ဖက်လူကိုကြည့်လို့
ဖွင့်ဖောက်ဖတ်ပြဖို့အချိန်ကရောက်လာပြန်တယ်။ကိုယ်စီကိုယ်စီရင်ခုန်သံတွေက ဆူညံနေတယ်..။
" သို့ ချစ်ရပါသော အသည်းအသက်..
မရှက်တမ်းဝန်ခံရရင် ကျွန်တော့်အသက်၅နှစ်ကတည်းကစပြီး ကိုကို့ကိုချစ်စိတ်ဝင်နေမိတယ်ဆိုတာ ယုံမလားဗျ.."
ဟားဟားဟား..!!
ခန်းမထဲကလူတွေက သူဖတ်ပြတာကိုနားထောင်ပြီးပြုံးနေကျတယ်၊ရယ်နေကျတယ်။သူ့အရှေ့က သူ့သတိုးသားလေးကလည်း ရှက်ပြုံးလေး ဖွဖွပြုံးလို့နေတယ်။
" ကိုကို့ကို သိပ်ချစ်တယ်ဆိုတာ ယုံကြည်ထားပေးနော်.."
သတို့သားလေးကိုကိုက သူ့ကိုကြည့်လို့ခေါင်းငြိမ့်ပြလာတယ်။
" ဘာတွေပဲဖြစ်လာဖြစ်လာ၊ဘယ်လောက်ပဲခက်ခဲခက်ခဲ ကိုကိုသာအနားမှာရှိရင် အရာရာရင်ဆိုင်ဖို့အားရှိတယ်ဆိုတာရော သိတယ်မလား.."
ကိုကိုက သူ့ကိုကြည့်လို့ပြုံးနေခဲ့တယ်။
" ကိုကိုက ကြောင်ဆို ကျွန်တော်ကကြွက်ဖြစ်ပေးမယ်၊ကိုကိုကနေမင်းကြီးဆို ကျွန်တော်ကသက်တံငယ်လေးဖြစ်ပေးမယ်.."