ပတ်ချန်းယောလ်ဆိုတဲ့ လူသားလေးက ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းပေါ့။
အယ်..အလိုတော့မဟုတ်သေးဘူး။
တစ်ဝက်လောက်က သူအပိုင်ပါပေါ့။
အင်း..အတိအကျပြောရရင်တော့ ကျွန်တော့်ဘဝရဲ့တည်ရှိမှု ရာနှုန်းပြည့်နီးပါးလောက်က ဒီကောင်လေးအပိုင်လို့ပဲပြောရတော့မယ်။စတွေ့ဆုံမှုမှာ သူက၅နှစ်၊ကျွန်တော်က ၁၀နှစ်။ဆိုတော့ဗျာ..မူလတန်းစတက်ကာစ KG တန်းအကောင်ပေါက်စလေးရဲ့ကိုကိုက အလယ်တန်းကျောင်းသားလေးကျွန်တော်ပေါ့။
မုန့်ဆိုင်သွားလည်း ကျွန်တော်နဲ့။
ထမင်းစားလည်း ကျွန်တော်နဲ့။
ကျောင်းသွား၊ကျောင်းပြန်လည်း ကျွန်တော်နဲ့ပဲ။ကုန်ကုန်ပြောမယ်ဗျာ..သေးပေါက်သွားလည်း ကျွန်တော်နဲ့။ဘာနေနေ ကျွန်တော်နဲ့ပဲ။အစပ်ိုင်းလောက်ကတော့ တော်တော်လေးစိတ်မသက်မသာဖြစ်ပေမယ့် နောက်ပိုင်းကျတော့လည်း ကျွန်တော်ပါ သူနဲ့အလိုတူအလိုပါတွေဖြစ်နေရော်။ဘာနေနေ ဒီကောင်စုတ်လေးကျွန်တော့်ဘေးနားမှာ ရှိနေမှပြီးပြည့်စုံလာသလိုလို ဖြစ်လာတယ်။
ဒီလိုနဲ့ပဲ..
ပတ်ချန်းယောလ်လို့ခေါ်လိုက်တာနဲ့ ကျွန်တော့်ကိုပါ တွဲမြင်နေရသလို..။
ဒိုဂယောင်ဆူးလို့ ဆိုလိုက်တာနဲ့
ပတ်ချန်းယောလ်ကပါ တန်းလန်းကြီးပါပါနေတယ်..။ပတ်ချန်းယောလ်ဆိုတဲ့ကောင်လေးက အပေါင်းအသင်းတော့သိပ်များတယ်..ဒါပေမယ့် ဘာလေးနေနေကျွန်တော်က ထိပ်ဆုံးဦးစားပေးဖြစ်နေတော့လည်း တစ်ခါတစ်လေတော့ ဟီးဟီး..ကျေနပ်မိသားပေါ့ဗျာ။
ဒီကောင်လေးကအမြဲပြုံးရယ်နေတတ်ပေမယ့် စိတ်တိုလာရင်လည်းတော်တော်လေးကြောက်ဖို့ကောင်းတယ်ဗျ။ကျွန်တော်လည်း တစ်ခါနှစ်ခါတော့ သူစိတ်တိုတာကိုကြုံဖူးခဲ့သေးတယ်။အဲ့ဒီနောက်ပိုင်းတော့ သူစိတ်တိုအောင်ကျွန်တော်ကမလုပ်ဖြစ်တော့ဘူး။အဲ့လိုမျိုးပြောမိတော့ ကျွန်တော့်ကို လင်ကြောက်လေးလို့တော့ မထင်စေချင်ပါဘူးဗျာ။
ကျွန်တော်က သူ့က်ိုကြောက်တာလုံးလုံးမဟုတ်ရပါဘူး၊
ချစ်တာဗျ..ချစ်တာ အလို။