" ကိုကိုရေ.."
သွားသေလိုက်!
" ကိုကိုလို့! "
သေတောင်မထူးဘူး!
" ကိုကိုနော်.."
နားကြားပြင်းကိုကပ်တယ် ချီး!
" ကိုကို..သားမှားပါတယ်.."
မှားမှန်းသိရင် လာထိုင်ရှိခိုးလိုက်!
" သားနောက်တစ်ခါ မစတော့ပါဘူး.."
နောက်တစ်ခါထပ်စရင် မင်းနဲ့အပြတ်ပဲ!
ဘယ်နှယ့်ဗျာ..လူကြားလို့မှမကောင်းဘူး။ခေတ်ကာလ သားသမီးတွေများ လူကြီးကိုနောက်စရာရှားလို့ ဒီလိုကိစ္စမျိုးကိုလာနောက်တယ်။ကိုယ့်မှာတော့ စိတ်တွေထူပူမိပြီး အိုးနင်းခွက်နင်းကိုဖြစ်လို့။
ဒိုဂယောင်ဆူး image က ဘာလဲလို့ပြန်တောင် မေးယူရအုန်းမယ်။
လူရယ်ချင်စရာကြီး အီးးးသူ့သူငယ်ချင်းတွေက ဒီသကောင့်သားလေးကိုမြှောက်ပေးတယ်တဲ့။မင်းဘဲကြီးက မင်းကိုသဝန်မတိုတတ်တာ တကယ်မချစ်လို့ပါတဲ့လေ။
မဆီမဆိုင် နေကြာကွာဆိုင်ပါကွာ!
ကိုယ့်သူငယ်ချင်းတွေထဲက နည်းနည်းဆိုများများပြောတတ်တဲ့ သူတစ်ယောက်ကို စုံစမ်းပြီး၊သူ့ရှေ့မှာ ကောင်မလေးတစ်ယောက်နဲ့အတူတူထိုင်ပြသတဲ့လေ။ကောင်မလေးကိုလည်း သူ့သူငယ်ချင်းဘယ်သူကရှာပေးတယ်ဆိုလား။ပြီးတော့ ဇာတ်ရိုက်ပြီးသရုပ်ဆောင်ခိုင်းထားတယ်ဆိုပဲ!
ဒါပေမယ့် ခက်တာက ဇာတ်တိုက်ထားတဲ့သူတို့က ဘာမှတောင်မပြောလိုက်ရဘူး၊ကိုကိုကပဲ ပိတ်ပြီးသူတို့ကိုချဲသွားလို့ မပြောလိုက်ရဘူးတဲ့လေ။ကိုယ်ကတောင် သူတို့ကိုငါမှားသွားပါတယ် လို့ပြန်ပြောရမယ့်အဖြစ်။
ဒါနဲ့ နေစမ်းပါအုန်း!
ဘယ်သူက ဘယ်သူ့ကိုမှားတယ်လို့လာပြောနေတာလဲ..ဟိုသကောင့်သားလေးက!ဒီအတိုင်းဆို အခန်းထဲပေးမဝင်တာ ၃ရက်ဆိုနည်းနေသေးတယ်၊၁၀ရက်လုပ်ပစ်မယ် ဟမ့်!ဒိုဂယောင်ဆူးကိုများ ဘာမှတ်နေလဲ!
ဟိတ်ဆို တိတ်ပဲ!
လှည့်ကိုမကြည့်တာ ဟွန့်!