[Unicode]
သောကြာနေ့။
နေရောင်ခြည်နုနုလေးသည် မြက်ခင်းပြင်ပေါ်ကိုဖျာကျလို့နေသည်။ မြက်နုစိမ်းကလေးများသည်လည်း မြေပြင်တစ်လျှောက်ပင်။ အေးမြသောလေသည် သစ်ရွက်လေးတွေ ဘယ်ညာလှုပ်ခပ်သွားအောင်ပင်တိုက်ခတ်နေခဲ့သည်။"ဘယ်လောက်တောင် သာယာလိုက်လဲ"
ဆောင်းမြူနှင်း၏ ကောင်းကင်ကြီးကိုကြည့်ပြီး အသက်ကို၀အောင်ရှုရင်းပြောလိုက်သည့် စကားမဆုံးခင်မှာပင်။
"သားတို့ အဝေးကြီးမသွားနဲ့နော်"
တစ်ဖက်မှမေမေ၏ အော်ပြောသည့်အသံကိုကြားလိုက်ရသည်။
မေမေသည်သယ်ယူလာသော သစ်သီးများကို ခြင်းထဲမှထုတ်ကာ ပန်းကန်တစ်ချပ်ထဲသို့ထည့်နေသည်။ ဆောင်းမြူနှင်းတို့မိသားစုသည် ပျော်ပွဲစားထွက်လာခဲ့ကြခြင်းဖြစ်သည်။ ဖေဖေသည်သူ၏အလုပ်တွေကို ဒီနေ့ရပ်နားကာ ဆောင်းတို့နှင့်အတူတူ ပျော်ပွဲစားကိုလိုက်ပါလာခဲ့သည်။ မိသားစုစုံစုံလင်လင်ဖြင့် ပျော်ပွဲစားလာရသည်မှာ ဆောင်းမြူနှင်းအတွက် ဒီတစ်ခါပထမဆုံးပင်ဖြစ်ခဲ့သည်။
ဆောင်းမြူနှင်းသည် စိမ်းစိုနေသည့်မြက်ခင်းပြင်ပေါ်သို့အသာ ထိုင်ချလိုက်သည်။ မြေသင်းနံလေးကလည်း ခပ်သင်းသင်းလေးရနေသည်။ သဘာ၀တရားနှင့်ထိတွေ့လိုက်ခြင်းက အေးချမ်းစေသည်ဆိုတာ အမှန်ပင်ထင်ပါသည်။
ဆောင်းမြူနှင်းသည် မထင်မှတ်ပဲအနောက်ဘက်သို့ လှည့်ကြည့်မိတော့ ဖေဖေသည် ဆောင်းကိုပြုံး၍ ရပ်ကြည့်နေသည်။
"ဖေဖေ ဒီကိုလာလေ"
ဆောင်းအားကြည့်နေသည့် ဖခင်ဖြစ်သူအားခေါ်လိုက်သည်။ ဖေဖေကလည်း ဆောင်းအနားကိုတိုးကာ၀င်ထိုင်သည်။
"ဘာတွေပြုံးနေတာလဲ သမီး"
ထို့နောက် အဝေးကြီးကိုငေးမောကာပြုံးနေသည့်ဆောင်းအား ဖေဖေကမေးသည်။
"ဒီလိုပါပဲဖေဖေရယ်...မိသားစုနဲ့လာလို့
စိတ်ချမ်းသာတာရော၊ မြို့ထဲကမွန်းကြပ်တဲ့စိတ်တွေကို ဖြေလိုက်ရလို့ရောပေါ့"
BẠN ĐANG ĐỌC
၁၉၇၀သို့လွမ်းချင်း..(U/Z)
Viễn tưởng[Unicode] မဖြစ်နိုင်တဲ့နေရာတစ်ခုမှာ သူတို့ချစ်ခဲ့ကြတယ်။ ချစ်ခြင်းတရားတွေကတော့စစ်မှန်ခဲ့ပေမဲ့။ မဖြစ်နိုင်ခြင်းတွေက...။ 1970သို့ မထင်မှတ်ပဲအချိန်ခရီးသွားခဲ့ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အထင်မှတ်ပဲရောက်သွားတဲ့နေရာမှာသူမဟာဘယ်လိုများဖြစ်နေခဲ့မလဲ။ အနာဂတ်သို့ပ...