အပိုင်း(၁၆)

96 11 3
                                    

[Unicode]

တစ်နေ့၌မင်းနေတံခွန်သည် ဆောင်းမြူနှင်းနှင့်အတူတူ မြို့ထဲသို့ လည်ပတ်ပြီးပြန်လာသည့်နေ့တွင်ဖြစ်သည်။

"အကိုလေး...သခင်ကြီးကအကိုလေးကိုရှာနေပါတယ်"

ပြန်လာသည့်သူ့အား အစေခံမိန်းကလေးသည်မင်းနေတံခွန်၏ ဖိနပ်ကိုချွတ်ပေးရင်းသူ့အားပြောသည်။

"ဘာလုပ်ဖို့လဲ"

ဖခင်ကခေါ်သည်ဟု ပြောသောကြောင့် မင်းနေတံခွန်တစ်ယောက် စိတ်ကမကြည်လင်တော့။

"ပြောစရာရှိလို့ပါတဲ့"

"ကောင်းပြီ...ငါသွားလိုက်မယ်"

မင်းနေတံခွန်သည် အဖေ့၏အခန်းထဲသို့တံခါးကိုအသာခေါက်ပြီး ၀င်သွားလိုက်တော့သည်။

"အဖေ ကျွန်တော့်ကိုခေါ်တယ်ဆို"

"မင်းဘယ်တွေသွား‌နေတာလဲ...တစ်နေ့လုံးမင်းကို ငါမတွေ့ဘူး"

"အဖေက ကျွန်တော့်ကိုဘာအကြောင်းရှိလို့ရှာနေတာလဲ"

"မင်းကိုငါအသိပေးစရာရှိလို့....မင်းဆောင်းမြူနှင်းနဲ့အခုချက်ချင်းအဆက်ဖြတ်လိုက်စမ်း မင်းနေတံခွန်..."

ဖခင်၏သူ့အားပြောသောအသံသည်
အေးစက်၍ခံထန်နေခဲ့သည်။

"အဖေဒီအကြောင်းဆိုဆက်မပြော...."

သူ့၏စကားမဆုံးခင်မှာပင် ဖခင်ဖြစ်သူသည်သူ့၏စကားကိုဖြတ်ပြောလိုက်သည်။

"မင်းကိုအင်္ဂလန်ကသူဌေးကြီးရဲ့သမီး
အယ်လာရီနဲ့ ငါပေးစားမှာမို့ အခုချက်ချင်းသူနဲ့ အဆက်ဖြတ်လိုက်"

"အဖေ...!"

မင်းနေတံခွန်၏အသံသည် အက်ကွဲစွာပါပင်။ အဖေ့ကိုသူကျယ်လောင်စွာ အော်လိုက်သည်။ ဒါကိုတောင်အဖေ့ကမမှု့ပါဘူး။

"ကျွန်တော်မသိဘဲနဲ့ ဘာလို့အဖေ့သဘောနဲ့အဲ့လိုတွေလုပ်နေရတာလဲ"

"မင်းကငါ့သားပဲလေ...ငါ့မှာမင်းကိုကြိုက်သလို စီစဉ်ပိုင်ခွင့်ရှိတယ်"

"မှားတယ်...မရှိဘူး...လုံး၀မရှိဘူး...!
အဖေ့ရဲ့လောဘတစ်ခုနဲ့ ကျွန်တော်ကိုအဲ့လိုလုပ်ပိုင်ခွင့် လုံး၀က်ိုမရှိဘူး!!"

၁၉၇၀သို့လွမ်းချင်း..(U/Z)Donde viven las historias. Descúbrelo ahora