အပိုင်း(၁၈)

95 13 1
                                    

[Zawgyi]

"မမလေး ဧည့်သည်ရောက်နေပါတယ်"

ဆောင်းမြူနှင်း၏ အိပ်ခန်းတံခါးကိုခေါက်လိုက်ရင်း အစေခံမိန်းကလေးကသူမအားပြောလာသည်။

"ဘယ်သူနဲ့မှမတွေ့ချင်ဘူး အိပ်နေတယ်လို့ပြောလိုက်ပါ"

အားအင်မရှိသည့် သူမရဲ့ပုံစံကိုမည်သူကိုမှမမြင်စေချင်တာကြောင့် လိမ်ခိုင်းဖို့ရန်သာတက်နိုင်ပါသည်။

"အရမ်းရေးကြီးနေတယ်ပြောပါတယ်
မမလေး...ထွက်တွေ့လို့ရရင်တွေ့လိုက်ပါလားဟင်..."

"အွန်းပါ ဒါဆိုလာခဲ့မယ်လို့‌ ပြောလိုက်"

"ဟုတ်ကဲ့ မမလေး"

ပါးပေါ်သို့ကျဆင်းနေသည့် မျက်ရည်များကိုသုတ်လိုက်ကာ အားတင်းထားရင်း အောက်ထပ်သို့ ဆောင်းမြူနှင်းဆင်းသွားလိုက်သည်။ ဧည့်သည်က အောက်ထပ်တွင်လဲရှိမနေပြန်သည်မို့ ခြံထဲတွင်များလားဟုတွေးကာခြံထဲသို့သာ သူမဆင်းသွားလိုက်သည်။

"ဆောင်းမြူနှင်း ဟုတ်ပါတယ်နော်"

ဒါ...သူဟာ ကို့အိမ်မှာတွေ့ခဲ့သည့်အမျိုးသမီးပင် မဟုတ်ဘူးလား။ ကို့ရဲ့လက်ကိုကိုင်ပြီးချစ်တယ်လို့ပြောနေခဲ့တဲ့
အမျိုးသမီးမလား။

"ဟုတ်ပါတယ် ဘာအကြောင်းများရှိလို့လဲ"

"တို့ကအယ်လာရီပါ... မင်းနေတံခွန်နဲ့လက်ထပ်တော့မယ်သူလေ"

"ဒီအကြောင်းကိုပြောဖို့ လာတာလား"

မျက်ခုံးများကို တွ့န်ချိုးကာပြောနေ‌သောသူကို ဆောင်းမြူနှင်းသည်အသံမာမာဖြင့်ပြန်‌ ပြောလိုက်သည်။

"တို့သတိပေးဖို့လာတာ... နောက်ထပ်တို့အမျိုးသားလောင်းနဲ့ ထပ်မပတ်သပ်ပါနဲ့ ရှင်တို့ဇာတ်လမ်းကို ဒီမှာတင်အဆက်ဖြတ်လိုက်ပါ ဆောင်းမြူနှင်း"

ရင့်သည်းလှပါသော အယ်လာရီ၏ထိုစကားလုံးများကြောင့် ဆောင်းမြူနှင်းခံပြင်းမိပါသည်။

"ဘာအကြောင်းကြောင့်...ဆောင်းတို့က အဆက်ဖြတ်ရမှာလဲ အယ်လာရီ"

"အယ်လာက မကြာခင်သူနဲ့လက်ထပ်တော့မှာလေ...ဒါကြောင့်ရှင့်ကိုသူ့နားမှာ
အယ်လာမမြင်ချင်ဘူး ထွက်သွားပေးပါ"

၁၉၇၀သို့လွမ်းချင်း..(U/Z)Onde histórias criam vida. Descubra agora