အပိုင်း(၂၇)

88 11 8
                                    


[Unicode]

"ကိုကို နင်ဘယ်ကိုသွားမှာလဲ"

"ပြင်သစ်"

နန်းနေခြည်၏အမေးကို မင်းနေတံခွန်
ခပ်ပြတ်ပြတ်သာပြန်ဖြေသည်။

"မရဘူးလေ...အဲ့လိုမရဘူးလေ...
နင်ဆောင်းမြူနှင်းနားမှာပဲရှိနေရမှာလေ... သူလဲနင့်နားမှာပဲ တစ်သက်လုံးရှိနေမှာ"

"မဟုတ်ဘူး... သူ့အနားမှာငါ အုပ်စိုင်းကိုထားခဲ့မှာ"

"ကိုကိုနင်ရူးသွားပြီလားဟမ်... ငါအခုလိုဒီနေရာမှာ‌ ရောက်နေ‌တာ နင့်အတွက်နော်"

"ညီမလေး..."

"မခေါ်နဲ့"

"ငါသာသူ့အနားမှာရှိနေရင်...သူစိတ်ချမ်းသာမယ်လို့ရော နင်ထင်နေလား...
သူ့အဖေကို သတ်လိုက်တာဘယ်သူလဲ... သူတို့မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့တာဘယ်သူလဲ... သူ့ကိုအရမ်းမုန်းနေခဲ့တာကဘယ်သူလဲ...ဟမ် သူ့ကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တယ် သူတွေနဲ့ သွေးသား‌ေတာ်စပ်‌နေတဲ့ငါ့ကို သူကြာကြာချစ်နိုင်မှာတဲ့လား"

"ချစ်နိုင်တယ်...သိပ်ချစ်နိုင်တယ်ကိုကို"

"နေခြည်..!"

"ငါပြောရဲတယ်...သူနင့်ကိုချစ်တာအဲ့တာတွေမပါဘူး... အဖြူရောင်သက်သက်ပဲ၊ ဘာအရောင်မှမဆိုးထားဘူး... အဲတာကြောင့် သူအနားမှာရှိနေပေးလိုက်ပါနော်ကိုကို"

"အုပ်စိုင်းကိုငါသနားတယ်...သူလဲ ဆောင်းကိုချစ်နေတာ သူသာအနားမှာရှိနေပေးလိုက်ရင်လဲ အဆင်ပြေနေပြီလေ"

"ကိုကို...နင်ခေါင်းမမာစမ်းပါနဲ့"

"ငါနင့်ကို လာနှုတ်ဆက်တာညီမလေး..."

"အ‌ဖေ့ကိုရော...."

အဖေဆိုတဲ့ အသံကိုကြားရတော့မင်း‌‌ေနတံခွန်အသားတွေပါတုန်အောင် စိတ်တိုလာသည်။

"မုန်းလို့ ငါဘာမှအပြောချင်ဘူး..."

မင်းနေတံခွန်၏ မာကြောသောအသံကြောင့် နန်းနေခြည်အဖေ့အကြောင်းကိုထပ်မပြောတော့ပေ။

"ကိုကို...မသွားပါနဲ့"

ထိုအချိန်တွင် ဘေးနားကအစောင့်ရဲသား၏ အသံကိုကြားရတော့သည်။

၁၉၇၀သို့လွမ်းချင်း..(U/Z)Tempat cerita menjadi hidup. Temukan sekarang