အပိုင်း(၂၃)

100 12 5
                                    


[Unicode]

"အဲ့မိန်းမကို ငါဘယ်လိုလုပ်ရပါ့မလဲ"

သူမရဲ့အထိန်း‌တော်ကို ဒေါသတွေနှင့်ပြောနေသည့် အယ်လာရီသည်အရမ်းကိုသွေးပူနေသည်။

"ဘာများဖြစ်လို့လဲ မမလေးအယ်လာ"

သူမရဲ့အထိန်းတော်သည် အလိုမကျဖြစ်‌နေသည့်သူ့ မမလေးအယ်လာရီကိုပြန်မေးသည်။

"ဘာဖြစ်ရမှာလဲ ဟိုမိန်းမပေါ့ မိဘတွေဆုံးသွားလို့... ငါကသနားပါတယ်လို့ပြောဖို့ရှိသေးတယ် ဟွန့်...မင်းနေတံခွန်နဲ့ဈေးလမ်းမှာ ပလူးပလဲနေတာကိုငါ့မျက်စိနဲ့တွေ့ပါရဲ့"

"မမလေးရယ်...အကိုလေးမင်းနေတံခွန်ကမမလေးနဲ့ပဲလက်ထက်ရမှာလေ...ဘာတွေစိတ်ပူနေရတာလဲ"

"အကိုချစ်တာအယ်လာ့ကိုမဟုတ်ဘူး... ဆောင်းမြူနှင်းကို အယ်လာလေအဲ့မိန်းမကိုသိပ်မုန်းတာပဲ... အကို့နားမှာကိုအဲ့မိန်းမကိုမမြင်ချင်ဘူး"

"မမလေး မမြင်ချင်တဲ့သူကို တစ်သက်လုံးအကိုလေးရဲ့နားမှာ မမြင်ရ‌အောင်လုပ်ချင်လားမမလေး"

"လုပ်ချင်တယ် ငါဘယ်လိုလုပ်ရမှာလဲ"

"သတ်လိုက်...!"

သူ့အထိန်းတော်၏စကားကြောင့် အံ့ဩထိတ်လန့်သွားသည့်အယ်လာရီ။ သူမမထင်ထားတာကို ကြားလိုက်ရသည်မို့ အထိန်းတော်ကို စူးစူးရဲရဲကြည့်ပြစ်လိုက်သည်။ သတ်ရမယ် သူမလူတစ်ယောက်ကိုသတ်ဖို့ အဲ့လောက်ထိမလုပ်နိုင်ဘူး။

"သတ်...သတ်ရမယ် မဖြစ်နိုင်ဘူးထင်တယ်နော်"

"ဒီလိုမှမဟုတ်ရင် အကိုလေးကိုအဲ့မိန်းမကရသွားမှာလေ မမလေးကအဲ့တာကိုအဖြစ်ခံနိုင်လို့လား"

"အဲလိုတော့....မဟုတ်"

"အဖြစ်နိုင်မခံနိုင်ဘူးဆိုရင် လုပ်လိုက်ပါမမလေး... မမ‌လေးလုပ်တယ်လို့ဘယ်သူမှမရိပ်မိအောင် ကျွန်မကလုပ်ပေးမယ်လေ"

သူမအထိန်းတော်ရဲ့ ပြောစကားကိုအယ်လာရီသည် သေချာစဉ်းစားနေခဲ့သည်။အနည်းငယ်တော့ သူမလက်တွန့်မိပေမဲ့။

အယ်လာက နောက်လူဆိုတာ သိပါတယ်။ အကို့ကို အယ်လာချစ်နေတာကိုသိစေချင်တယ်။ အယ်လာရဲ့ ဖွင့်ဟမှူတွေကြလက်မခံဘူး‌နော်အကို။ အဲ့မိန်းမကိုကြသိပ်ချစ်ပြနေတယ်။ အကိုကသိပ်ချစ်ပြနေတော့လဲ အယ်လာကပဲ ဗီလိန်လုပ်ရတော့မှာပေါ့။ ခေါင်းဆောင်မင်းသမီးမှမဖြစ်ရတာ။

၁၉၇၀သို့လွမ်းချင်း..(U/Z)Hikayelerin yaşadığı yer. Şimdi keşfedin