အပိုင်း(၁၄)

100 12 2
                                    

[Unicode]

"ထ"

တစ်စုံ‌တစ်ယောက်သည် ဆောင်းမြူနှင်း၏ ခန္ဓာကိုယ်ကိုလှုပ်နိုးနေသည်။

"ငါပါ...ထ"

တစ်စုံတစ်‌ယောက်သည် နောက်ထပ်တစ်ခါ လှုပ်နိုးနေပြန်သည်မို့ သူမထကြည့်မိလိုက်တော့ တွေ့လိုက်ရသည့်မြင်ကွင်းသည် သိပ်ကိုတုန်လှုပ်သွားရသည်။ အနီရောင်ချိတ်လိုင်း အသေးလေးများပါသည့်ထဘီနှင့် ရင်ဖုံးလက်ရှည်ဝမ်းဆက်ကိုအနီကို ထိုသူသည်၀တ်ထားခဲ့သည်။ ထို့‌အပြင် အဖြူရောင်နှင်းဆီပန်းပွင့်ကြီးကိုပန်ဆင်ထားသည့် တကယ့်ဆောင်းမြူနှင်းအစစ်ပါပင်။

ပွင့်လာ‌သော မျက်လုံးများကိုတောင် မယုံကြည်နိုင်အံ့ဩသွားရပါသည်။
သူမအား နှိုးနေသောဆောင်းမြူနှင်း၏ မျက်နှာသည် တကယ့်တည်ငြိမ်မှုအပြည့်။
စိုက်ကြည့်နေသည့် နက်မှောင်နေ‌သောမျက်၀န်းများကြောင့် သူမကြက်သည်းတောင် ထမိသည်အထိပင်။

"ဆောင်းမြူနှင်း..."

အံ့ဩထိတ်လန့်ကာ နိုးလာ‌သော‌အနာဂတ်မှ ဆောင်းမြူနှင်းသည် ထိုနာမည်ကို တိုးတိုးလေး ရေး‌ရွတ်မိလိုက်သည်။
ခပ်တိုးတိုးသာ ရွတ်လိုက်သော်လည်း ပဲ့တင်ထပ်သံတွေက ဆူညံလို့သွားပါသည်။ ထိုအခါနက်မှောင်သော မျက်၀န်းများနှင့်နောက်တစ်ဖန် သူမထိတွေ့လိုက်ရပြန်သည်။ ပြီးနောက်ပြတ်သားသည့်အသံ။

"ဟုတ်တယ် ငါပဲ"

မျက်နှာချင်းဆိုင် ယှဉ်ရက်နေသည့်သူတို့နှစ်ယောက်ကို ကြည့်လိုက်မည်ဆိုလျှင် ဆောင်းမြူနှင်းနှစ်ဦးကို လေဟာနယ်တစ်ခုထဲ‌တွင်တွေ့ရသလို ဖြစ်နေပါလိမ့်မည်။ သူတို့နှစ်ဦး၏ ဘေးမှီရာတွင်မည်သည်မှ
မရှိပဲ မဲမှောင်ကာနေသည်။ ဆောင်းမြူနှင်းသည် အနာဂတ်မှ ဆောင်းမြူနှင်း၏ ရှေ့စီသို့ တစ်ဖြေးဖြေးတိုးလျှောက်လာခဲ့သည်။

"ငါပြောစရာရှိလို့ လာတာ"

"ငါသိချင်တာကိုအရင်ဖြေပေး ဆောင်းမြူနှင်း"

တစ်ဖက်မှ သူသည် တုန်ရီနေသောသူမကိုခပ်ဆက်ဆက်အသံဖြင့် ပြန်ပြောလိုက်သည်။

"ပြော"

"ငါကဘာလို့ နင့်ဘ၀ထဲကိုရောက်နေရတာလဲ... ပြီးတော့ဘာကြောင့်ဒီနေရာမှာပဲ နေနေရတာလဲ...ငါ့ဘ၀ကိုရော ငါဘယ်လိုပြန်သွားရမှာလဲ"

၁၉၇၀သို့လွမ်းချင်း..(U/Z)Donde viven las historias. Descúbrelo ahora