Episode- 1[Unicode]

1.5K 52 2
                                    

"သျှန်းသုခ..."

မေမေ့အသံက အနည်းငယ် မာကျောနေ၏။ လက်ထဲမှာလည်း လက်ဆွဲတော် ကြိမ်လုံးက ဘယ်ညာလှုပ်ရမ်းနေပုံမှာ ​ကျန်ကျောင်း ဓားသိုင်းကစားနေသလိုပင်။ သျှန်းတစ်ယောက် ကြက်သီးများတစ်ဖြန်းဖြန်းထကာ ကျောထဲပင် စိမ့်နေချေ၏။

"လာစမ်း...မင်းဒီရှေ့ကိုလာ..."

သျှန်း၏ခြေထောက်တို့က ဧည့်ခန်းအလယ်ခေါင်မှ လှည့်ပြန်ချင်နေပြီဖြစ်သည်။ သို့သော် လှုပ်၍မရ။

"လာလို့ မင်းကိုမေမေပြောနေတယ်လေ.."

သျှန်းရဲ့ခြေဖဝါးရဲရဲကလေးတွေက ဧည့်ခန်းကြမ်းပြင်ရှိ ကြွေပြားများနှင့် ကော်ကပ်ထားသည့်အလား လှုပ်မရ။ မလှုပ်ချင်။

"တယ်...ဒီကောင်လေး...အတော်ပြောရဆိုရခက်ပါလား...အေး..မင်းမလာရင် ငါလာပြီ..."

မေမေက ဆိုဖာပေါ်မှ ထရန်ဟန်ပြင်လိုက်၏။

"မေမေ...မေမေရယ်..မောင်လေးကိုမရိုက်ပါနဲ့နော်..မြတောင်းပန်ပါတယ်မေမေရယ်..."

ရုတ်တရက် မေမေ့ကြိမ်လုံးရှေ့မှ တံတိုင်းသဖွယ် ပေါ်ပေါက်လာသော သျှန်း၏အားကိုးရာ..။ မမမြပေါ့။ မမမြက သျှန်းထက် ၈နှစ်ခန့်ကြီးတာမို့ သျှန်းအပေါ် အလွန်ကိုချစ်ရှာသည်။ အမြဲလိုလို တလွဲလုပ်တတ်လွန်းသော သျှန်းကို မေမေ့ကြိမ်လုံး၏ အန္တရာယ် ရန်စွယ်မှ အမြဲကာကွယ်ပေးတတ်သော မမမြက သျှန်းအတွက်တော့ ပါဝါရိန်းဂျားပင်။

"မြနော်မြ...မြအဲ့လိုကာဆီးကာဆီးလုပ်နေလို့ဒီကလေးဒီလောက်ဆိုးနေတာ.."

မမမြကတော့ သျှန်းကဲ့သို့မဟုတ်။ ဘာလုပ်လုပ်တိကျသည်။ တော်သည်။ လိမ္မာသည်။ အားလုံးက မမမြကို မျက်နှာသာပေးကြသည်။ ယခုပင်ကြည့်။ သျှန်းကို ဒေါသထွက်နေသည့်မေမေက သူ့သမီးမျက်နှာမြင်လိုက်ရသည်နှင့်ပင် ဒေါသတစ်ဝက် လျော့နေချေပြီ။

"ဟုတ်ပါတယ်မေမေရယ်...မြအမှားပါ...နော်...မြမောင်လေးကိုသေချာနားလည်အောင်ဆုံးမပါ့မယ်..မရိုက်ပါနဲ့မေမေရယ်..ကလေးသနားပါတယ်.."

မေမေ့လက်ထဲက ကြိမ်လုံးကလေး စားပွဲပေါ်သို့ အနားယူသွားချေပြီ။ ထိုအခါမှ သျှန်းလည်း သက်ပြင်းတိတ်တိတ်ခိုးချနိုင်တော့သည်။ မမမြကတော့ မေမေ့ဘေးနားထိုင်ကာ မေမေ့အား နည်းမျိုးစုံဖြင့် ချော့ပေးနေ၏။

မြကြေးမုံWhere stories live. Discover now