အင်းယားကန်ရေပြင်ကြီးကို မြင်နေရတဲ့ ဒီနေရာ။ သျှန်းသုခနှင့် နောက်ဆုံးရန်ဖြစ်ခဲ့တာလည်း ဒီနေရာမှာ။ သျှန်းသုခကို ပြတ်ဖို့ပြောခဲ့တာကလည်း ဒီနေရာမှာ။ ယခုတော့ မြူ့ရဲ့ ရင်ခုန်သံတွေကို ရှာဖွေတွေ့ရှိချိန်မှာ ရောက်ရှိနေခဲ့တာကလည်း ဒီနေရာကိုသာ။ တိုက်ဆိုင်တာပဲလား။ ဒါမှမဟုတ် ကံတရားကပဲ မြူ့ဆီကို အငြှိုးတကြီးနှင့် မြှားဦးလှည့်လာနေလေသလား။
"သျှန်းနဲ့ပက်သက်ပြီး..မင်းလည်းကြားသင့်သလောက်တော့ကြားထားမှာပေါ့.."
"ဟုတ်ကဲ့.."
မြူတစ်ယောက် ခုံတန်းမှာထိုင်နေရင်း ငြိမ်သက်နေတဲ့ ကန်ရေပြင်ကိုသာ အကြောင်းမဲ့ ငေးစိုက်ကြည့်နေမိသည်။ အပါးတော်မြဲ စီးကရက်ကိုပင် ခဲဖို့သတိမရ။
"အခု...တို့မောင်လေးက..အချိန်တိုင်းမင်းနာမည်ပဲတနေတယ်...မင်းကိုပဲခေါ်ခိုင်းနေတယ်...မင်းကိုမတွေ့ရရင် ဆေးလည်းမသောက်ဘူး..ထမင်းလည်းမစားဘူးဆိုပြီး အကြောက်အကန်ကိုငြင်းနေတော့တာ..တို့လည်း..ဘာဆက်လုပ်လို့လုပ်ရမလဲတောင်မသိတော့လို့..အခုလိုမင်းဆီကိုထွက်လာခဲ့ရတာပါ...သျှန်းအစာရောဆေးရောမဝင်တာ ဒီနေ့နဲ့ဆို၄ရက်လောက်ရှိနေပြီ...ဒီတိုင်းသာဆို...သူ့အတွက်မကောင်းဘူးလေ...အဲ့ဒါ...မင်း တို့ကို ကူညီပေးနိုင်မလား.."
မြူတော့ဖြင့် သူမပြောနေတဲ့ သျှန်းသုခကိစ္စကို စိတ်မဝင်စား။ စိတ်လည်း မပူမိတာတော့ အမှန်။ သို့သော် ထိုစကားကို ဆိုနေချိန်အတွင်း သူမလေးရဲ့စကားသံတွေထဲမှာ ရောယှက်ပါဝင်လာတဲ့ စိုးရိမ်ပူပန်မှုတွေကိုသာ မြူက ခံစားနေမိတာ။ မြူစိတ်ပူမိတာကလည်း သူမအတွက်သာ။
အဖေတစ်ယောက်ကို ဆုံးရှုံးထားရတာကတော့ မြူနှင့်အတူတူပဲဆိုပေမဲ့ ယခုအချိန်မှာ သူမက အမေတစ်ယောက်လုံးကိုပါ ပူပူနွေးနွေး ဆုံးရှုံးထားရရှာတာ။ တစ်ဦးတည်းသော အချစ်တော်လေး မောင်ဖြစ်သူကလည်း ရူးနေလေပြီ။ သူမလေးခမျာ ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲလေ။
အို...မြူအခု ဘယ်သူ့အတွက် စိတ်ပူနေတာလဲ။ တခြားသူတွေအတွက် လိုက်တွေးပေးနေဖို့ဆိုတာ မြူ့မှာ တာဝန်မှမရှိ။ မြူဘယ်သူ့အတွက်မှလည်း တွေးမပေးခဲ့ဖူးဘူး။ ကုန်ကုန်ပြောရလျှင် ဖတဆိုးသမီးလေးကို စောင့်ရှောက်ပေးလာခဲ့တဲ့ မာမီ့အတွက်ပင် မြူက တွေးမပေးတတ်။ မြူတွေးပေးစရာလည်း လိုတော့မလိုပါဘူးလေ။ မာမီက အစစအရာရာ ပြည့်စုံပြီးသား။ ဒါပေမဲ့ မြူနှင့် သွေးလည်းမတော်၊ သားလည်းမစပ်သည့် ဤအမျိုးသမီးအတွက် မြူက တွေးပေးနေမိတာလား။ စိတ်ပူပေးနေမိတာတဲ့လား။
![](https://img.wattpad.com/cover/338608480-288-k594175.jpg)
YOU ARE READING
မြကြေးမုံ