Episode- 3[Unicode]

362 34 2
                                    

"သျှန်း...."

အိမ်ရှေ့က သံပန်းတံခါးကိုပင် ဝုန်းခနဲ ဝင်တိုက်တဲ့ မောင်ဖြစ်သူကြောင့် မြတစ်ယောက် မျက်စိမျက်နှာပျက်ကာ ဟန့်လိုက်မိသည်။ သျှန်းဒီနေ့ အရက်တွေ အရင်ကထက် အလွန်အကျွံ သောက်လာပြန်သည်။

"ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေးနေချင်တယ်မမ.."

သျှန်းအသံတွေက ဝိုးတိုးဝါးတား။ မေမေကြားမည်လည်း စိုးရသေးသည်။ နေကောင်းကာစ မေမေ့ကို သျှန်းနှင့် ရန်ထပ်မဖြစ်စေလို။

"အင်းပါအင်းပါ...အခန်းထဲဝင်နားတော့...မေမေမနိုးစေနဲ့ဦးနော်..."

ဒယိမ်းဒယိုင် ဖြစ်လာတဲ့ မောင်ငယ်ဖြစ်သူ၏ပုံစံကို သိပ်တော့ သဘောမတွေ့သော်လည်း အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာသေး၍သာ တော်တော့သည်။

"သျှန်းသုခ..."

မြဆုတောင်းတို့ မပြည့်လိုက်ပါ။ အိပ်ခန်းဝမှ ဆီးကြိုနေသော မေမေ့အသံ။ သျှန်းတစ်ယောက်ကတော့ မတုန်မလှုပ်။

"သားတောင်းပန်ပါတယ်မေမေ...သားတစ်ယောက်တည်းနေပါရစေ.."

ပြောစရာရှိတာကို ပြောလိုက်တယ်ဆိုရုံသာ။ အခန်းထဲဝင်ဖို့ရန်သာ သူ့စိတ်ထဲရှိနေဟန်။

"မင်း..မင်းငါ့ကို..အမေလို့တောင်မသတ်မှတ်တော့ဘူးလားသျှန်းသုခ...မင်းငါ့စကားကိုအခုလိုပဲသိပ်နားထောင်တတ်တာပဲလား..ဟမ်.."

"မသိဘူးဗျာ....မသိတော့ဘူး.....ထင်ချင်သလိုသာထင်တော့..."

သျှန်းရဲ့လေသံမှာ အက်ကွဲနေ၏။ ဒေါသမီး ဟုန်းဟုန်းတောက်နေသော မေမေ့မျက်ဝန်းတွေကိုလည်း မြမြင်လိုက်ရသည်။

"မေမေ့..."

ဖြောင်းခနဲမြည်သံနှင့်အတူ မြအလန့်တကြား အော်လိုက်မိ၏။ ငယ်စဥ်ကတည်းက တုတ်ဖြင့်ရွယ်ရုံမှအပ လက်ဖျားနှင့်ပင် မထိခဲ့ဖူးသော သားငယ်အား ကြမ်းပြင်ပေါ် ခွေလဲကျသည်အထိ အားသုံးကာ ရိုက်နှက်လိုက်ခြင်းပင်။ သူမ စိတ်ကူးထဲတွင်တောင် လက်နှင့်မရွယ်ဖူးသော မောင်ငယ်၏ ခွေလဲသွားသော ခန္ဓာကိုယ်လေးကြောင့် မြပင် ရင်နှင့်မဆံ့။ အပြေးသွားကာ အသာအယာ ပွေ့ထူလိုက်မိသည်။

မြကြေးမုံWhere stories live. Discover now