Episode- 5[Unicode]

621 60 2
                                        

"ဖုန်းနံပါတ်အစိမ်းပဲ...ဘယ်သူ့ဆီကပါလိမ့်..."

မြတစ်ယောက် ဖုန်းမျက်နှာပြင်ပေါ် ထင်ဟပ်လာတဲ့ အမည်မသိ ဖုန်းနံပါတ်စိမ်းအား တစ်ချက်ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ တစ်ပြိုင်တည်းမှာပဲ သူမရဲ့စိတ်အာရုံဆီ အပြေးဝင်ရောက်လာသော မီးခိုးရောင်ဖျော့ဖျော့ ညှို့မျက်ဝန်းတစ်စုံ။ ဟိုကောင်မလေးများလားဆိုသော အတွေးတို့ဖြင့် ဖုန်းကိုလက်ခံလိုက်မိပါရဲ့။

/ဟယ်လို...မမ.../

ကြိုတင်မျှော်မှန်းထားပါသော်လည်း ဖုန်းကိုင်ကိုင်ချင်းထွက်ပေါ်လာသော ခပ်ရှရှအသံလေးကြောင့် မြရဲ့ကျောရိုးတွေပင် ထောင်မတ်သွားရ၏။ မမတဲ့။ အဲ့ဒီနာမ်စားကြောင့်များလား။ မဟုတ်နိုင်။ အဲ့ဒီနာမ်စားက မြနှင့်စိမ်းသည့်နာမ်စားတော့မဟုတ်။ သျှန်းနှင့် ဟိုအမြွှာနှစ်ကောင်သာမက ကျောင်းတုန်းက ဂျူနီယာလေးတွေ၊ လက်အောက်ဝန်ထမ်းလေးတွေဆီကလည်း မကြာခဏ အခေါ်ခံနေရသည့်နာမ်စားပါပဲ။ ယခုအခါမှ ထိုနာမ်စားက မြကို ရင်ခုန်စေနေသတဲ့လား။ အို...နာမ်စားတစ်လုံးအတွက်နှင့် ရင်ခုန်ရလောက်အောင် မြကဆယ်ကျော်သက်ကလေးလည်းမဟုတ်။

/မမ.../

ရော်...ခက်တော့တာပဲ။ ထပ်ခေါ်နေပြန်ပါပြီ။ ဒီအတိုင်းဆို မြမထူးမချင်းကို ခေါ်နေမည့်ပုံ။

"အင်း....မင်း..စဥ်းစားပြီးပြီလား..."

မိမိထက်၆နှစ်လောက်ငယ်သော ဒီကလေးရှေ့မှာ မြရဲ့ဒီလိုပုံစံကို မပြချင်သဖြင့် စကားတို့ကို အတော်လေးထိန်းပြောနေရ၏။

/ဟုတ်ကဲ့...မြူစဥ်းစားပြီးပါပြီ.../

"ဒါဖြင့်...မင်းအဖြေက..."

/မြူ...မမဆီကိုလာခဲ့မယ်...အရောက်လာခဲ့မယ်.../

အို...ဒါကဘယ်လိုစကားပါလိမ့်။ မြဆီ ခေါ်ထားတာမှ မဟုတ်ဘဲလေ။ သျှန်းဆီ လာတွေ့ဖို့ ခေါ်ထားတာကို လူကိုသက်သက်မဲ့ ရင်တုန်အောင် ​ပညာပြနေပြန်ပါပြီ။ မြူဆိုသည့် ဤကလေးမက တကယ်ကြောက်စရာ။

"အို...တို့ဆီမဟုတ်ပါဘူးလေ.."

/ဘယ်လိုပဲဖြစ်ဖြစ်...မြူက မမတို့ဆီလာရမှာပဲမဟုတ်လား../

မြကြေးမုံWhere stories live. Discover now