Episode- 7[Unicode]

910 65 16
                                    

"ကျစ်....ဒီကားကတော့လုပ်ပြီကွာ..."

လူသွားလူလာနည်းသည့် ဒီလိုနေရာမှာမှ စက်ထိုးရပ်သွားသည့်ကားကို မြူ မေတ္တာပို့မိပါ၏။ ဝပ်ရှော့ကိုဖုန်းဆက်ပြန်တော့လည်း ဖုန်းကမအားပြန်။ ဒီနေ့ဟာ မြူ့အတွက်တော့ ပြဿဒါးနေ့လေလား။

"ဟင်...ဟိုဟာ...မမကားပဲ..."

အကူအညီရလိုရငြား ကားလမ်းနံဘေးမှာရပ်နေရာမှ ရုတ်တရက်မြင်လိုက်ရသော ကားအနက်ရောင်လေးကြောင့် မြူတစ်ယောက် အားကိုးတကြီးနှင့် ဝမ်းသာမိသွားသော်လည်း ထိုကားလေးက မြူရှိရာကို ဖြတ်ကျော်သွားပုံက သူစိမ်းဆန်လှပါရဲ့။ ဒီအခိုက်အတန့်မှာ မြူတော့ ထိုင်သာငိုချင်မိတော့တာပါပဲ။ မမဟာ မြူ့အပေါ်ဆို သိပ်ကို စိမ်းကားလှ၏။

"မမကရက်စက်လိုက်တာ..."

မြူတစ်ယောက် စိတ်ပျက်လက်ပျက်နှင့်သာ ကားလမ်းနံဘေး၌ ငုတ်တုပ်ထိုင်ချလိုက်မိပါရဲ့။ ထပ်၍ ဖြတ်သန်းလာသည့် ကားများကိုပင် မြူအလိုမရှိတော့။ နောက်ထပ်ကားတစ်စီးဆီမှ ကားစက်သံသဲ့သဲ့ ကြားပါသော်လည်း မြူခေါင်းကိုပင် မော့မကြည့်မိတော့ပါ။

"ဘာဖြစ်နေတာလဲ..."

ခေါင်းငိုက်စိုက်ထိုင်ချနေတဲ့ မြူ့အရှေ့တည့်တည့်ကို လာရပ်သော နီညိုရောင်ကတ္တီပါဖိနပ်လေးနှင့် မြတ်နိုးရသောခြေအစုံ။ မြူဝမ်းသာအားရ မော့ကြည့်လိုက်မိပါရဲ့။ မြူ့မျက်ဝန်းထဲမှ မျက်ရည်များပင် ပါးပေါ်ခုန်ချသွားလေသလားမသိ။

"မမ...."

သူမပြန်လှည့်လာလိမ့်မည်ဟု ထင်မထားမိခဲ့တာတော့ အမှန်။ ပြန်လှည့်လာလျှင် သိပ်ကောင်းမှာဟု တွေးမိသော်ငြား မြူမမဆီမှ ဘာကိုမှမမျှော်လင့်ရဲခဲ့။ မဟုတ်ပါက မြူသာအထိနာရမည် မဟုတ်ပါလား။

"ကားပျက်သွားလို့မမ..."

မြူ့ရဲ့အားကိုးတကြီးပြောလိုက်မိသံက ရှိုက်သံပင် အနည်းငယ်ပါသွားလေသလားမသိ။ မမက ဟက်ခနဲလှောင်ရယ်၏။

"မြူခိုးရှင်ရယ်...ဒီလောက်လေးနဲ့ငိုစရာလား...တို့သိထားတဲ့မင်းကဒီလိုမိန်းကလေးမဟုတ်ပါဘူး..."

မြကြေးမုံWhere stories live. Discover now