အပိုင်း [၂၂]

1.8K 251 18
                                    

(Unicode)

အပိုင်း (၂၂)

' မင်းသား ကျနော်မျိုး လူကြိုက်များတာတွေနဲ့ ကော်ဖီ ပူပူလေးပါ ဝယ်လာခဲ့တယ်။ '

ကင် လက်သည်းတွေကို ကိုက်နေရာမှ ခေါင်းကို မော့လိုက်သည်။ ကျေးဇူး ဆိုကာပင် ကားသမား ဆီက မုန့်ထုတ်ကို ယူကာပင် တိတ်ဆိတ်နေမိတော့တာ။

သူ တကယ် sensitive ဖြစ်လွန်းနေတာ မဟုတ်ဘူးလား..

ဗနီလာ အရသာ အီကလဲ တစ်ခုကို ကိုက်ချလိုက်တော့ နူးညံ့နေတဲ့ မုန့်သားနဲ့ မွေးပျံ့နေတဲ့ ထောပတ်နံ့။ ဆိမ့်နေတဲ့ ကော်ဖီကို တစ်ငုံ့ သောက်ရင်း သက်ပြင်း ချလိုက်မိသည်။ မုန့်ကောင်းကောင်း စားနေရရင် အာရုံတွေ မပျံ့တတ်ပေမဲ့ သူ အခုချိန်မှာတော့ အဲ့လူကိုသာ တွေးတွေး မိနေသည်။

မိနစ်ပိုင်းလောက် မောင်းနှင်လာခဲ့တော့ မြို့၏ အပြင်နားတွင် တည်သည့် ခမ်းနားတဲ့ အဆောက်အဦး။ တော်ဝင် ဆန်လွန်းတဲ့ ဒီအဆောက်အဦးဟာ ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းတွေထဲက ဇာတ်ဆောင် မင်းသမီး စာသင်တဲ့ ကျောင်းဆောင်ကြီးလိုပဲ။

ကင် ကျောင်းထဲကို ဝင်သွားလေတော့ လက်ကိုင်ဖုန်းတွေကို အပေါက်ဝတွင် အပ်နှံရသည်။ နိုင်ငံသားကတ်ကိုပါ ပြရပြီးနောက် လက်မှတ်ကိုပါ ထိုးပြီးမှ ဝင်ခွင့်ရတာ ဖြစ်သည်။

လော့ကာတစ်ခု ရပြီး အထဲတွင် လိုအပ်တာတွေ ရှိသည်။ အညိုရောင် တယောက ပြောင်လက်နေသည်။

လှေကားကျယ်ကျယ်ပေါ် လျှောက်သွားရမည်။ ပြီးရင် ဟောခန်းကျယ်ကြီး ရှိမယ် အဲ့ထဲမှာ အဝေးက သင်ကြားတဲ့ ပညာရှင်ရဲ့ စကားကို နားထောင်ရုံပဲ။

ကင့်ဘက်က အိပ်ငိုက်လို့လည်း ရသလို လိုက်မကျင့်လည်း ရလောက်မယ် မလား..?

' နိုင်ငံခြားသား ပါမေက္ခ အသစ်လို့ ပြောပါတယ် မင်းသား။ သူ့နာမည်က ဂျောန်းဆိုလားပဲ ခေါ်ရတာတော့ ခက်တယ်။ ‌တောင်ပိုင်းသားပါ။ အသင်အပြလည်း ကောင်းပြီး အရှင်မင်းကြီး ကိုယ်တိုင်က အကူညီ တောင်းထားလို့ group လိုက် သင်ပေးမယ့် အစီစဉ်ကို လက်ခံလိုက်တာပါတဲ့။ '

အဒိုရာ့ လူက tablet တစ်ခုကို ဖွင့်ရင်း အချက်လက်တွေကို ပြည့်ပြည့်စုံစုံ ဖတ်ပြနေသည်။ ကင့်အတွက် လှေကားထစ်တွေကသာ စိတ်ဝင်စားဖို့ရာ ကောင်းနေခဲ့ပြီး group လိုက် သင်ကြားရေးမှာပင် တွန့်သွားရသည်။

MOB BOSSWhere stories live. Discover now