အပိုင်း [၅၄]

2.2K 252 106
                                    

အပိုင်း (၅၄)

' မင်း!! '

ဂျုံးကုဟာ သူ့စိတ်တွေ လွှတ်ထွက် မသွားဖို့ရာသာ မျက်လုံးတွေကို မှိတ်ချလိုက်မိတော့သည်။

' မင်းထင်သလို မဟုတ်ဘူး! ငါပြေးခဲ့တာ။ မင်းဆီကို ပြေးလာခဲ့တာ.. အဲ့လို မင်းထင်သလို မဟုတ်ပါဘူး.. '

အခု ဒီကင်က ဘာကိုရှင်းနေတာလဲ? သဝန်တိုတယ် ထင်တာလား? ဘုရင့်ဆီ ပါသွားမှာသာ ကြောက်ရင် ကျနော် သူ့ကို သံကြိုးခတ်ထားမှာပေါ့။ ယုံတာ။ လူတိုင်းကို မယုံတောင် သူ့ကို ကျနော် သိပ်ယုံတာ။

ဒီကင်က မပြေးမှန်း သိလို့၊ ဘယ်ရောက်ရောက် ပြန်လာမယ်မှန်း သိလို့၊ အားလုံးကို သိလို့ လွှတ်ထားပေးတာ။

ကျနော့် အိမ်ရဲ့ ဆည်းလည်းက ဒီကင်။ သူမှ မရှိရင် တိတ်ဆိတ်နေတာ ကျနော် မကြိုက်ဆုံး အရာပဲ။

' ပြေးလာတာ? မင်းဆီကို? အိုး! မင်းက အခုထိ ကိုယ့်စိတ်ကို နားမလည်သေးတာပဲ။ အဲ့လို ပြေးလာရတာကို မကြိုက်တာ။ မင်းကို မပြေးရအောင် ထားတာ၊ ဘေးမှာ ဖန်းကို ခေါ်သွားခိုင်းတာက မင်းကို လုံခြုံစေချင်လို့။ မင်းဘယ်သူ့ကိုမှ ယုံလို့ မဖြစ်ဘူး D Kim, ကိုယ့်ကို ကြည့်စမ်း! '

ပေါက်ကွဲနေတဲ့ ဂျုံးကု၏ ပုံစံနဲ့ လေသံတွေကို မခံနိုင်စွာပင် နောက်ဆုတ်သွားတဲ့ ကင့်ခြေလှမ်းတွေ။

' ကိုယ့်ကို ကြည့်စမ်း! D Kim.. ကိုယ်ကို့ ကြည့်ပါ။ '

ပါးကို အုပ်ကိုင်လာသည့် လက်တွေကြားက မျက်နှာလေးက ခါရမ်းပြသည်။ ကြောက်စရာ ပုံစံကို မကြည့်ရဲဘူး။

' မင်းကိုယ့်ကိုတောင် ယုံလို့ မဖြစ်ဘူး.. '

လေသံဖျော့ဖျော့ကြောင့် မော့ကြည့်တော့ သူက မျက်ရည်တွေ ဝေ့နေသည်။ သို့သော် မငိုပါ။

' အမြဲ မင်းနားမှာ ရှိနေမယ်လို့ ကတိမပေးနိုင်ဘူး D Kim, ရင့်ကျက်ရမယ်။ အနည်းဆုံး သမီးလေးမှာ မင်းရှိနေရမယ်။ '

ကျနော် ဒီကင့်ကို ချစ်ပါတယ်။ မသေချာတဲ့ အရာတွေတွက် ထုတ်မပြရဲတာ။ ကိုယ်က တစ်ဘဝလုံးစာ အတွက်ဆိုပြီး မင်းကို ကတိတွေ သိပ်ပေးချင်တာ။

MOB BOSSWhere stories live. Discover now