အပိုင်း [၄၅]

2.1K 244 74
                                    

Unicode

အပိုင်း (၄၅)

ပုခုံးပေါ်က အသက်ရှူသံ ပုံမှန်ဟာ နှစ်ခြိုက်လို့ အိပ်ပျော်နေတာလည်း အတော်လေး ကြာနေပြီ ဖြစ်သည်။ ကျဉ်လာတဲ့ လက်မောင်းရင်းကြောင့် ပေါင်ပေါ် ပြောင်းလှဲ‌စေတော့ လှုပ်ရုံသာ လှုပ်သွားပြီး ဒီကင်က ဆက်အိပ်နေတာ။

' ဟေးကင်! ထတော့ '

မနိုးအောင် အသာအယာ ပြောင်းထားရတဲ့ ဂျုံးကုကို ကျော်ပြီး ဂျင်က ကင့်ကို နှိုးလာတာ။

' ကိုကြီး.. '

ဂျုံးကု တားချိန်တောင် မရလိုက် ကင်က နိုးလာလေပြီ။

' မင်းက သွားရမယ့်လူလေ။ သူနိုးတဲ့ထိ စောင့်မလို့လား? '

ဂျင်က အိမ်ထဲ ခဏတိုင်း ဝင်လိုက် ထွက်လိုက်လုပ်နေတဲ့ အေ့ကို မျက်စိနှောက်လှပြီ။ ဆရာဖြစ်သူကလည်း အလိုက်မသိ ထသွားမယ် မရှိဘူး အေ့ကို ခဏခဏ အရိပ်အခြေနေ ကြည့်နေရအောင် ထိုင်နေတာ။ သူက ကင် မနိုးရင် ဘယ်အချိန်ထိ ဆွဲနေအုန်းမလဲ မသိ။

' အခန်းထဲ သွားအိပ်နော်။ '

ဂျင်က အိပ်ချင်မူးတူးနဲ့ ကင့်ကို ထခိုင်းတော့ အဲ့မျက်လုံးတွေက ဂျုံးကုကို ကြည့်လို့။

ဒီကင်ဟာ သူ့အပေါ် ခွာမရအောင် စွဲကပ်လိုက်သလို။ အဲ့မျက်လုံးတွေက မှိုင်းနေရင် သူ့စိတ်တွေ လေးလာရသည်။ ဘာစကားမှ ပြောမလာရင် ဂရုစိုက်မိလာသည်။

အဲ့ရွှေရောင် ဆံပင်တွေက လှေကပေါ်ထိ တရွေ့ရွေ့ တက်သွားလေတာ။

' ဂျုံးကုက အရင်လို အကြာကြီး သွားမှာလားဟင်.. '

ကုတင်ပေါ် ထိုင်နေတဲ့ ကင်က လိုက်ကာတွေ ဖြန့်ချနေတဲ့ ဂျင့်ကို တိုးတိုးလေး မေးသည်။

အရင်လို လချီပြီး ပျောက်သွားမှာ ကြောက်တယ်။ ဂျုံးကုနားမှာပဲ ရှိနေချင်တာ။

' သူဘယ်ကိုမှ မသွားပါဘူး။ ‌အစာပြေ တစ်ခုခု ယူခဲ့မယ်နော် ကင်။ ပြန်မအိပ်နဲ့အုန်း။ '

ခပ်သုတ်သုတ်နဲ့ ကိုကြီးကို မေးချင်တာလေးတွေတောင် ထပ်မမေးလိုက်ရ အခန်းထဲက ထွက်သွားလေပြီ။ ကင်မျက်နှာလေး မဲ့ကာပင် စောင်ပုံထဲ ခွေလိုက်သည်။

MOB BOSSWhere stories live. Discover now