အပိုင်း [၂၅-၁] Preview

1.7K 237 13
                                    

(Unicode)

အပိုင်း (၂၅-၁)

' ဂျုံးကုရောဟင်? '

ခေါင်းတခါခါနဲ့ လူတွေက သူ့ကို ထူးဆန်းသလို ကြည့်နေကြသည်။ ရေချိုးပြီး ထွက်လာတော့ အခန်းထဲ မရှိတဲ့ လူကြောင့် သူ့မှာ ကြောင်တောင်တောင်။ ဒီအိမ်ဟာ သူ့အသိအိမ်လည်း မဟုတ်၊ ဂျုံးကုနဲ့ပဲ သိတဲ့ ဆက်ဆံရေးမှာ ဂျုံးကု သူ့နား ရှိမနေတာက သူစိမ်းတွေနဲ့ သူ့ကြား နေရခက်စေသည်။

ဒါကြောင့် ဆက်စောင့်မနေနိုင်တော့ဘဲ အခန်းပြင်ကို ထွက်ရှာနေခြင်းပင်။ သို့သော် အိမ်ကြီးထဲတွင် ဂျုံးကုကို သိသူ လုံးဝ ရှိမနေ။ အိမ်အပြင်ဘက် ပါတီကျင်းပရာ မြက်ခင်းပြင်ကြီးထိ သူရောက်လာခဲ့ရပြီ ဖြစ်သည်။ ပွဲတစ်ခုခု ရှိပုံဖြင့် အလုပ်သမားတွေက ဟိုဟိုဒီဒီ။

ကင်က ထပ်ပြီးပင် ဝိုင်တွေ သယ်လာတဲ့ ကောင်ကလေးကို တားလိုက်သည်။

' ထပ်ပြီး သူ့ကို ရှာအုန်းမလို့လား? '

နှုတ်ဖျားမှ ဂျုံးကု ဆိုတာလေးတောင် မထွက်လိုက်ရ ခပ်လှမ်းလှမ်းက အသံတစ်သံကြောင့် ကင် လှည့်ကြည့်လိုက်မိသည်။ ခေါင်းတွေထိ တက်တူးတွေ ထိုးထားတဲ့ လူ။ သူသိပ်စိမ်းမိတဲ့ အဲ့လူက အနားကို တိုးလျှောက်လာသည်။

သူကလည်း လူဆိုး တစ်ယောက်ပဲ မဟုတ်လား။ လူဆိုးက သူ့အပေါ် ကောင်းမနေနိုင်ဘူးမို့ တဖြည်းဖြည်း ကြောက်စိတ်က ကိန်းအောင်းလာသည်။

' ဂျုံးကု ဘယ်မှာလဲ? သူဘယ်ကိုသွားလဲ? '

ကင့်အကြည့်တွေက ကြောက်စိတ်သာ ရှိနေတာ စူးရှနေသည်။ ရိုင်အယ်ကို အမဲဖြတ်တော့မလိုပင် ကြောက်စရာ ကောင်းအောင် ကြည့်နေတာ ဖြစ်သည်။

' ဟိုးး.. ဘာလို့ ဘော့စ်ကို ငါ့ဆီ လာရှာရတာလဲ? ထွက်ပြေးသွားလို့များလား? မင်းကို ရောင်းစားပြီးတော့လေ။ '

' ဘာပြောတယ်? '

စနောက်နေတယ်လို့သာ တွေးမိပေမဲ့ လက်တွေက အေးစက်လာရော။

ဒီလိုလူက သူ့ကို စနောက်လို့ ဘာရမှာလဲ.. ဒါပေမဲ့..

' အရင်ကလည်း ငါ့ဆီ အလှလေး တစ်ယောက် ပို့ပေးဖူးတယ်။ '

MOB BOSSWhere stories live. Discover now