Unicode
အပိုင်း (၂၄)
ကွန်ဒို တစ်ခုရဲ့ ကားပါကင်။ ကွက်တိ ကျနေတဲ့ ကားတွေကြား သတိထား ထိုးနေတဲ့ ပါကင်မှာ ကင်ကတော့ လက်ထဲက ဘာဂါ တစ်ခုကိုသာ ပါးလေး တလှုပ်လှုပ်ဖြင့် ဝါးနေသည်။
ကားကြီးကြီး နှစ်စင်းကြား အန္တရာယ်ကင်းကင်း ရပ်ပြီးနောက် ဂျုံးကုဟာ ကင့်ကို ကြည့်လာသည်။
ဗိုက်ဆာတယ် ဆိုတဲ့ စကားတိုးတိုးကြောင့် တွေ့တဲ့ဆိုင် ဝင်ရပ်ပြီး ဝယ်လာခဲ့တဲ့ ဘာဂါ။ sausage နဲ့ပဲ ရတာဆိုတဲ့ စကားကြောင့် ဝယ်လာခဲ့တာကို ကင်ဟာတော့ ရစ်သည်။
သူလုံးဝ မကြိုက်ပါဘူးတဲ့..။
အခုကြ သူမဟုတ်သလို တမြုံမြုံ။
' ဖြည်းဖြည်းစား။ '
ပါးစောင်မှာ ပြည့်နေတဲ့ ပေါင်မုန့်သားတွေကြား မျက်လုံးတွေကို မှေးပြောလာသည်က ဘောက်ဆတ်ဆတ်။
' ဖြည်းဖြည်းစားနေတာပဲ '
ကင်ဟာ ကျနော့်ပေါ် စိတ်ကောက်ချင်ပုံရသည်။
ခုထိ ဘေးနားတွင် ရှိနေတဲ့ အအေးခွက်။ ဂျုံးကုက သောက်ဖို့ ဝယ်လာပေးသော် သူကတော့ လုံးဝပင် မထိ။
' မသောက်ဘူးလား? '
' မကြိုက်ဘူး '
' ကြေးကိုများတယ် '
' ဒီမှာ! '
ဂျုံးကုက ဆူညံ့သံတွေကို မုန်းတယ်။ ဘေးမှာ တစ်ချိန်လုံး ပွစိပွစိ ပုံစံတွေကိုလည်း မုန်းတယ်။ ဒါပေမဲ့ ကင်ကတော့ သူမကြိုက်တာတွေကိုမှ ရွေးလုပ်သလို နှစ်ဦးသားက တံတားတစ်လမ်း သံတစ်လမ်း။
ပိုဆိုးတာက အခုဆို ကင်က နည်းနည်းလေးမှကို မကြောက်တော့။ တကယ် ထိန်းရခက်တယ်။
' ဆင်းတော့။ '
သူက ဦးဆုံး ပြောပြီး ဆင်းဖို့ လုပ်သည်။ မျက်လုံးလျင်တဲ့ ကင်က တစ်ခုခုကို မြင်တော့ ဂျုံးကုလက်တွေကို ပြန်ဆွဲရင်း..
' ခဏ- သတိထား!! '
*ဒိုင်း*!!!
မျက်နှာချင်းဆိုင်ကားမှ ထွက်လာသော ကျည်တစ်ချက် ဖြစ်သည်။
YOU ARE READING
MOB BOSS
RomanceJeon Jungkook x Kim Taehyung CRIMINAL FICTION X TRAGEDY DRAMA #Malepregnant #drug Song Recommend - [ Love Letter - Anthony Lazaro and Sarah Kang ] 💌 Start Date - 20 dec 2022 End Date - 7 june 2023