အပိုင်း [၃၂]

2K 255 74
                                    

(Unicode)

အပိုင်း (၃၂)

' ကိုယ်ပါ '

ချည်ထားတဲ့ ပိတ်စကို ဖြည်ဖို့ ရွယ်သည့် လက်ချောင်းတွေက ကင့်ခေါင်းနောက် ရောက်လာသည်။ ခေါက်တုံ့ ချည်ထားသည်ကို တစ်ရစ်ဖြည်လိုက်ပြီးမှ ရပ်နေတဲ့ သူ့လက်တွေ။ ဘာလို့လဲ...

ဖြည်ပေးဖို့ လုပ်နေတာ မဟုတ်ဘူးလား..

ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် လည်ချောင်းတွေ ခြောက်လာရသည်။ မှေးရိုးတစ်လျှောက်ပြေးလာတဲ့ လက်ချောင်းတွေက ပုခုံးမှာ ဆုံးသည်။

' မေ့လို့မဖြစ်တာကို '

ကြောင်တောင်တောင် ရှိနေပြီးမှ ခေါင်းတွေ ကိုက်ခဲလာရသည်။ ဒီအသံဟာ သူကြားဖူးတဲ့ အသံတစ်ခု ဖြစ်ပြီး ဒီသစ်သားနံ့က သူမှတ်မိနေတဲ့ ရနံ့လို။

အေးစိမ့်စိမ့် ခံစားချက်က ကျောရိုးထဲ ထပ်မံ စိမ့်ဝင်လာကာပင် ရုတ်တရက် အောက်နှုတ်ခမ်းကို ဖိနမ်းလာလေတော့။

' အင့်.. ဟို.. ဘယ်သူ '

သိနေတဲ့ လူတစ်ယောက်လို ကင့် ဂုတ်တွေကိုသာ ပွတ်သပ်နေသည့် လက်တွေ။ ရုန်းရင်းမှ တဒိတ်ဒိတ် ခုန်နေတဲ့ ရင်ဘတ်ဟာ ပေါက်ထွက်တော့မလိုပဲ။

ခါးကို ကိုယ်နဲ့ ဆွဲကပ်ထားတော့ ကင့်လက်တွေက သူ့ရင်ဘတ်ကို တွန်းဖို့သာရှိတော့သည်။

ဘယ်လောက် ရုန်းနေနေ နည်းနည်းမှ ဖယ်ခွာ မသွားသူကို ကင်လုံးဝ မမြင်ရပါ။ ရင်ခုန်နေရင်းမှ တုန်လှုပ်လာရသည်။

အခုသူက ဘယ်သူမှန်း မသိတဲ့ လူလက်ထဲ ပယ်ပယ်နယ်နယ် အနမ်းခံနေရတယ် ဆိုတဲ့ အသိက လုံးဝ အဆင်မပြေ။

' ဖယ်ပေးပါ။ '

ခေါင်းကို ငုံ့ပစ်ရင်း ရုန်းကန် ပြောတော့မှ လွတ်ပေးသည်။ အသားယူသလို ပါးကို နမ်းသွားလို့ အကျင့်တိုင်း လက်လေးနဲ့ ပွတ်မိလိုက်ပြန်သည်။ တစ်ကိုယ်လုံးကို ဟိုနမ်း ဒီနမ်းနဲ့ လူကြောင့် ကင်မှာ နေစရာတောင် မရှိ။

' အ.. '

ပြေကျလာတဲ့ ပိတ်စကိုနောက် ကင် ထိုနေရာက ကောက်ထလိုက်သည်။ မျက်စိရှေ့က ဂမုန်းပင် စိမ်းစိမ်းတွေနဲ့ မှန်တွေနောက်က သစ်အုပ်တွေ။

MOB BOSSWhere stories live. Discover now