(unicode)
၂လခန့်ကြာသော်။
''ကိုကြီး..ကိုကြီးရေ....လာပါအုံး..ဟင့်...''
ငယ်သံပါအောင် တက်မတက်အော်ခေါ်နေတဲ့အသံကြောင့် ချွတ်ပြီးကိုင်ထားတဲ့ အင်္ကျီကို တွေ့ရာပစ်ပေါက်ကာ သူမရဲ့အခန်းထဲကို ပြေးဝင်မိသည်။အထဲရောက်တော့ သူမရဲ့ဖြစ်နေတဲ့ပုံက ငါးရံ့ပြာလူးနေသလိုနဲ့ ဘာဖြစ်နေမှန်းမသိ။
"ကိုကြီး..လာ..လာပါအုံး"
''ကျွတ်...''
မြင်လိုက်ရသော ပုံစံကြောင့် သူ ကျစ်သပ်မိသည်။ သဘက်အဖြူလေးတစ်ထည် ရင်လျားထားပြီး၊ဘာမှတွေးတောပုံမရဘဲ အထဲကို ခေါ်သွင်းလိုက်တဲ့ ငတိမက ဘီရိုထဲကို လက်ညိုးထိုးပြီး သူ့အနားကို ကဆုန်ပေါက်ပြေးလာသည်။ ဂုဏ်ရောင်ရဲ့ခန္ဓာကိုယ်မှာလည်း အပေါ်ပိုင်းဗလာဖြစ်လျက်၊ဂျင်းဘောင်းဘီတစ်ထည်သာရှိသည်။မတင့်တော်တဲ့ အနေအထားမို့ သူ မျက်နှာခပ်လွှဲလွှဲနဲ့အပြင်ထွက်ဖို့ပြင်လိုက်သည်။
''ဟာ..ခေါ်ပါတယ်ဆိုမှ..ဘယ်ပြန်ထွက်မလို့လဲ''
''ဘာလဲကွာ..ခေါ်ရင်လည်း အင်္ကျီလေးဘာလေးဝတ်ထားပါလား...''
ဖွေးနုဝင်းထိန်နေတဲ့ ပခုံးသားလေးတွေ၊သွယ်လျနေတဲ့ ပေါင်တံဖြူဖြူလေးတွေကြောင့် ဂုဏ်က
အကြည့်တစ်ချက်ရောက်ပြီး ဆံပင်သပ်၍ မျက်နှာပူစွာပြောသည်။သူမကတော့ အေးဆေးနေပေမဲ့ သူ့မျက်နှာကတော့ ဖိန်းရှိန်းနေရတာ၊ရေနွေးငွေ့အဟပ်ခံနေရတဲ့အတိုင်းဖြစ်နေတော့သည်။''ဝတ်ချိန်ကို မရှိတာ..သေနာပိုးဟပ်ကြောင့်..
ဟင့်..လုပ်ပါ..ကိုကြီးရဲ့..ဖမ်းပြီး ပစ်ပေးပါ...''''တောက်!!..ဖမ်းပြီးမှ ခေါင်းပေါ်ကို တင်ပေးမယ်
အလုပ်ကို ရှုပ်နေတာဘဲ...''ဂုဏ်ရောင်က စိတ်မရှည်တက်သူပီပီ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။မိုးလင်းမိုးချုပ် ပြသာနာတွေက ရှင်းလို့ကိုမပြီးနိုင်။
''တင်ကြည့်ပါလား...မေမေတို့နဲ့ လှမ်းတိုင်မယ်၊
ကိုကြီး..သပ်သပ်ယုတ်မာတာဆိုပြီး...''''အဟွန်း..တော်တော် လုပ်ပေးဖို့ကောင်းတယ်''
ပိုးဟပ်က ဘီရိုရဲ့ လက်ကိုင်ကိုင်းနားမှာ သူတို့ကိုလန့်နေတာထင်သည်။ပြေးလည်းမပြေးသလို၊နှုတ်ခမ်းမွှေးတထောင်ထောင်နဲ့ လမ်းပျောက်နေပုံက သနားစရာ။