(unicode)
မနက်ပိုင်း Breakfastစားချိန်တွင် အိပ်ရေးမဝသော မိုင်လေးရဲ့မျက်နှာလေးက သိသာလှသည်။
ဂုဏ် မသိမသာ လှမ်းလှမ်းကြည့်ရင်း၊တစ်ချက် တစ်ချက် ငိုက်ငိုက်သွားသော သူမလေးကို ခုံအောက်ကနေ ခြေထောက်နဲ့ လှမ်းတို့ရင်း သတိပေးနေရသည်။ငိုက်တာလည်း မပြောနဲ့ ညက ကဲလိုက်ကြတာ အိပ်ယာဝင်တော့ မနက်၂နာရီတောင် ထိုးသွားသည်။ ဒါတောင်
'ရသေးတယ် ကိုကြီး'လို့ပြောတဲ့ သူမလေးကို မနည်း ပြောရသည်။''သမီးငယ်..''
''ရှင်...''
မိုင်လေး ငိုက်နေရာမှ ခေါင်းလေးဆက်ခနဲ ထောင်သွားရသည်။ခုံအောက်က လာပွတ်နေသော ကိုကြီးရဲ့ခြေထောက်ကို သူမရဲ့ခြေထောက်လေးတွေပြန်ပွတ်သပ်ရင်း မေမေ့ကို ပြုံးပြလိုက်သည်။
''အိပ်ရေးမဝဘူးလားကွယ်...ဇာတ်ကားတွေ
ကြည့်ပြန်ပြီလား..သမီးငယ်''''အဟင်း..အိပ်ပါတယ်..မေမေရဲ့''
မိုင်လေးက ပြန်ဖြေရင်း ကိုကြီးကို မလုံမလဲကြည့်မိသည်။ တစ်ညလုံး ဆိုးချင်တိုင်း၊ဆိုးနေပြီး အခုကြတော့ မဟုတ်သလိုလေးနေတဲ့ ကိုကြီးက အမူအရာကတော့ တကယ်ပိရိသည်။ပြုံးထေ့ထေ့
နှုတ်ခမ်းတွေကို အကြည့်ရောက်မိပြီး မိုင်လေးကစိတ်ထဲက အသံတိတ်မေတ္တာပို့လိုက်သည်။သူများမှာသာ ကိုယ်လက်တွေပါနာပြီး၊မလှုပ်ချင်ပေမဲ့ သူကတော့ ဘာဆေးတွေစားထားလဲမသိ။
လန်းဆန်းတက်ကြွနေတာများ မနာလိုချင်စရာ။''ခလေးအကြောင်းကို အန်တီငယ် သိတာပေါ့..
ညဆို ဇာတ်ကားကြည့်...မနက်ဆို ငိုက်...''အန်တီငယ်က မုန့်ပန်းကန်တွေ ထပ်ချပေးရင်း၊
ရယ်လည်းရယ်ကာ မိုင်လေးရဲ့ပါးလေးကို ချစ်စနိုးလိမ်ဆွဲရင်း ပြောသည်။အန်တီငယ် ပြောလိုက်မှ ပိုပြီးရယ်မြူသမ်းသွားတဲ့ကိုကြီးရဲ့မျက်ဝန်းတွေကြောင့် ပိုပြီးရှက်ရသည်။
ထို့ကြောင့် သူမသည် နဖူးလေးကို လက်နဲ့အသာပွတ်ရင်း။''ဟီး..ညက ဇာတ်ကားက အရမ်းကောင်းတာနဲ့
နောက်ကျသွားလို့...''''အဟွန်း...ကြိုက်ရင် များများကြည့်ပေါ့..''