''ပြီးရင် သွားမယ်လေ ''
မှန်တင်ခုံရှေ့တွင် ကုန်းကုန်းကွကွလေး နှုတ်ခမ်းနီဆိုးနေရာမှ လှည့်ကြည့်မိသည်။
ကိုကြီးက နီညိုရောင်ချည်ချောကွက်စိပ်ပုဆိုးဖြင့်
အသားရောင်ရှပ်လက်ရှည်ကို တွဲဝတ်ထားသည်။
ဖြူဝင်းနေသည့်မျက်နှာနဲ့အပြိုင် ခပ်ပွပွဆံပင်က
လိုက်ဖက်မှုတော့ရှိသား။ မေးရိုးကျပုံနဲ့ ထူတန်းနေတဲ့မျက်ခုံးကြောင့် ပိုပြီးဥပတိရုပ်က ချောမွေ့နေ၏။''ခဏလေး..နှုတ်ခမ်းနီဆိုးနေတုန်း..''
''ဒီတိုင်းလည်း လှပါတယ်ကွာ..လုပ်မနေနဲ့..''
''ဟင့်အင်း...မဆိုးလို့မရဘူး...''
ဒီနေ့ ဂုဏ်ရောင်က ဝန်ထမ်းတစ်ဦးရဲ့ မင်္ဂလာ
ဆွမ်းကျွေးသွားရမည်။ အရင်က မလိုက်ဘူးလို့ပြောခဲ့တဲ့ သူမလေးက မိုးလည်းလင်းရော၊ရေချိုးပြင်ဆင်ပြီးလိုက်မယ်ဖြစ်ပြီး ပြင်နေတာ မပြီးတော့ပေ။''လှလား...ကိုကြီး..မိုင့်ကိုကြည့်ပါအုံး...''
''အင်း...အရမ်းလှတယ်..''
မျက်နှာမှာ မိတ်ကပ်အနည်းငယ်လူးထားပေမဲ့
မျက်ခွံမှာ အိုင်းရှဲဒိုးတွေ၊ဘာတွေမတင်ထားဘဲ
မျက်တောင်ကော့ကော့လေးက နက်ထင်းနေတော့ သဘာဝအတိုင်းလှနေ၏။နှုတ်ခမ်းနီဆိုးထားပေမဲ့ ပန်းရောင်အဖျော့လေးဆိုတော့
ကာလာသိပ်မရင့်ဘဲ ပြေပြေလေးနဲ့ ကြည့်လို့ကောင်းသည်။''ကိုယ့်မိန်းမက မြန်မာဝတ်စုံနဲ့ဆို ပိုလှတယ်''
မိုင်လေးက ပြင်ဆင်ပြီးတော့ စလင်းဘတ်အိတ်ထဲ တိုလီမိုလီလေးတွေကောက်ထည့်ရင်း ပြုံးလိုက်သည်။အရင်ကဆို မေမေနဲ့အန်တီငယ်က သိပ်ဝတ်စေချင်ပြီး ပုံစံများစွာချုပ်ပေး၊ဝတ်ခိုင်းနဲ့ မရိုးရ။အဲ့ဒီတုန်းက မြန်မာဝတ်စုံဆို သိပ်ဘဝင်မကျခဲ့တော့ ဝတ်ခဲ့တာခပ်ရှားရှား။အခုတော့
ကိုယ်ရဲ့body fitလည်းပေါ်ပြီး၊ ဒီဇိုင်မျိုးစုံဝတ်ရတော့ သဘောကျနေမိတော့သည်။ဒီနေ့ မိုင် ဝတ်ထားတာက ရိုးရိုးယဥ်ယဥ်လေးဖြစ် သည်။အနက်ရောင်ချည်ပိုးသား လက်ပြတ်
ရင်စေ့ကို ချိတ်လိုင်းအနက်လေးတွေပါတဲ့ထဘီနဲ့တွဲဝတ်ထားသည်။ ဆံပင်ကို ခပ်မြင့်မြင့်ချည်ပြီးပုလဲဆံထိုးလေးတစ်ခု ထိုးထားတော့ သူမပုံစံလေးက တစ်မျိုးဆန်းနေ၏။ဒါ့အပြင် လည်တိုင်မှာ ပျိုးပြက်လက်နေတဲ့ စိန်လည်ဆွဲနဲ့ နားမှာ
ပန်ထားတဲ့စိန်နားကပ်သေးသေးလေးက
တလက်လက်နဲ့ သူမရဲ့ပုံလေးက ဝင်းနစ်နေ၏။