အပြင်မှာ ရာသီဥတုကတော့ သာသာယာယာနဲ့ကြည်လင်နေ၏။ မိုးလင်းကတည်းက အန်တီငယ်နဲ့ ဟင်းအတူချက်ရင်း အချိန်ဖြုန်းမိနေသည်။''ခလေးတောင် တော်တော်တိုးတက်နေပြီဘဲ''
''အန်တီငယ့်ကို မမှီပါဘူးနော်...''
မိုင်လေးက ဘေစင်မှာလက်ဆေးရင်း ပြောလိုက်သည်။ ဘာချက်ချက် စားလို့အရမ်းကောင်းသည့်အန်တီငယ်ရဲ့ ဟင်းချက်လက်ရာကိုတော့ ကိုကြီးရော သူမရာ ကြိုက်နှစ်သက်ကြလို့၊ထမင်းစားဖြစ်တိုင်း သတိတရရှိသည်။
''ဘယ်လိုပဲဖြစ်ဖြစ် အန်တီငယ့်ရဲ့သမီးလေး အခုလိုကျွမ်းကျင်ပိုင်နိုင်နေတာမြင်တော့ အရမ်းဝမ်းသာတယ်၊မမသာ ရှိရင်ဘယ်လောက်ကောင်းမလဲကွယ်...''
မီးဖိုချောင်ထဲမှာ ဆေးကြော၊ချက်ပြုတ်တာကိုသွက်သွက်ကလေးနဲ့ သန့်သန့်ရှင်းရှင်းလေးချက်ပြုတ်တက်တာမြင်တော့ ဝမ်းသာရပါသည်။
''အင်း...တခါတရံဆို မိုင်လည်းအရမ်းလွမ်းတာဘဲ၊ မေမေက မိုင်တို့အိမ်ထောင်ရေးကိုအရမ်းချောမွေ့စေချင်တာ...အခုလိုကိုကြီးဘက်က နူးညံ့ပြီးချစ်ဖို့ကောင်းတာတွေလည်း မေမေ့ကိုပြချင်တာ''
''အဟင်း...ဘဝဆိုတာ ဒီလိုပါဘဲ ခလေးရယ်''
ဒေါ်ခင်လေးငယ်သည် ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်ဖျားနဲ့ပုတ်ထုတ်ပြီး အသံရဲ့အဖျားခက်က တုန်သွားသည်။
''ဒါနဲ့လေ...အန်တီငယ်.. ဟိုရက်က ပြောတဲ့စကားလေ..''
''အင်း...ဘယ်ဟာလဲ...''
မိုင်လေးက မပြောခင် ပင့်သက်ရှိုက်ပြီး မျက်နှာလည်းမကောင်းရှာပေ။ ငရဲကြီးမှာသိပေမဲ့လည်းရအောင်တော့တားကြည့်ချင်သည်။
''ဟို...မသီလရှင်ဝတ်တဲ့ကိစ္စလေ...အဲဒါ''
''နောက်နှစ်မှ ဝတ်မှပါ...ခလေးရဲ့''
''ဟင်..မဝတ်ပါနဲ့.. အန်တီငယ်ကလည်း ၊မိုင်တို့ကိုထားခဲ့တော့မလို့လား...ဟင့်အင်း...''
''ခလေးရယ်...စိတ်မကောင်းမဖြစ်ပါနဲ့ ၊လူတိုင်းတစ်နေ့ခွဲခွာကြရမှာဘဲ....အန်တီ့ငယ်ကို နားလည်ပေးပါကွယ်...''