စာမေးပွဲဖြေရန် ၅ရက်လောက်သာ လိုတော့လို့မိုင်လေးတို့သူငယ်ချင်းတွေ ဘယ်သူမှကျောင်း
မတက်ကြတော့ဘဲ အိမ်မှာစာကျက်ဖြစ်ကြသည်။ထို့ကြောင့် မိုင်လည်း ကျောင်းမသွားရတော့ပေ။မိုးလင်းလာရင် မျက်နှာသစ်ပြီးတာနဲ့ ကော်ဖီဖျော်ပြီး၊ပေါင်မုန့်မီးကင်ဘာညာတော့ အမြဲလုပ်သည်။ရန်ဖြစ်ထားပေမဲ့ မြိုမကျတော့လည်း
ကိုယ့်အတွက် ပြင်သလို၊သူ့အတွက် ကော်ဖီခါးခါးတစ်ခွက်တော့ ဖျော်ထားပေးလိုက်သည်။
နေ့လည်စာအတွက်ကတော့ ဆိုင်ကဟင်းလှမ်းမှာပြီး၊စားခံနီးမှ ထမင်းပေါင်းအိုးထိုးမှာဆိုတော့ အေးဆေးဖြစ်သည်။တွေးနေတုန်း ထမင်းစားခန်းထဲဝင်လာတဲ့
သူ့ကြောင့် မေတ္တာမရှိပေမဲ့ ကော်ဖီသွားပေးလိုက်သည်။''ရော့...''
သူ ထမင်းစားပွဲမှာ ဝင်ထိုင်တယ်ဆို ကော်ဖီတစ်ခွက်ဖျော်ပြီး လာချပေးသည်။
''သည်းငယ်ရော စားပြီးပြီလား...''
မိုင်လေး မျက်စောင်းတစ်ချက်ထိုးကာ ဟိုဘက်ခုံမှာ ဆောင့်ခနဲဝင်ထိုင်ပြီး စကားပြန်မပြော။
''ကိုယ့်ကို စိတ်ကောက်နေတာလား..''
ဂုဏ်ရောင်သည် ပြုံးယောင်သမ်းနေတဲ့မျက်ဝန်းများနဲ့မေးပြီး နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ ညက
သူ့ကို အရင်ခြေထောက်နဲ့ကန်ပြီး စိတ်ကောက်နေတော့ ရယ်ချင်သွားသည်။အရင်ဦးအောင်လုပ်ပြီးအရင်စိတ်ကောက်နေတာက လူလည်မလေး။''မကောက်ပါဘူး...''
''အဟွန်း...ဒါနဲ့ ကျောင်းမသွားဘူးလား''
ခြေဖျားထိ ရှည်သော ဂါဝန်လက်ပြတ်လေးနဲ့ ဝင်းနစ်နုထွေးနေတဲ့ သူမလေးကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။ မနက်ခင်းနုနုမှာ ဆံပင်တွေကိုရှေ့ကဘီးကုပ်လေးနဲ့သိမ်းလှန်တင်ထားသော မဟာနဖူးပြေပြေလေးမှာ ဆံယဥ်နုလေးတွေစိမ်းဖန့်နေတာက ချစ်စရာ။
အပြင်သွားလို့ပြင်ထားတာဖြစ်ဖြစ်၊အိမ်နေရင်းကပိုကရိုပုံစံလေးနဲ့ဖြစ်ဖြစ် သူမလေးက အမြဲ
ချစ်ဖို့ကောင်းသည်။''မသွားဘူး...''
အဖြေနဲ့အတူ ကော်ဖီခွက်လေးကိုင်ပြီး လှည့်ထွက်ဖို့ပြင်နေတဲ့ သူမရဲ့လက်မောင်းသားလေးကိုအမိအရလှမ်းဆွဲထားရင်း။