''အားး...လက်ကိုမကိုက်နဲ့လေ''''အဟွန်း...ဆောရီး..ဆောရီးး..''
ဂုဏ်ရောင်က သိရက်နဲ့ အသည်းယားလွန်းလို့လက်ကလေးကို ခပ်ဖွဖွကိုက်လိုက်သည်။
''ရော့..ဒီတစ်လုံးပဲနော်..''
''အင်း..စားလို့ကောင်းတယ်''
မိုင်လေးက လက်နဲ့ပဲယူပြီး ဂုဏ်ရောင်ကိုခွံသည်။
သင်္ကြန်ကာလအတွင်းမို့လားတော့မသိ မုန့်လုံးရေပေါ်က အရမ်းကိုစားလို့ကောင်းသည်။မိုင်လည်း တစ်လုံးပြီးတစ်လုံးစားသလို ကိုကြီးကလည်း ခွံပါအုံးဆိုတာချည်း။ နှစ်ယောက်အတူ စားရင်း တိုက်ရှေ့ရောက်လာမှ သူများကိုင်သွားတဲ့ ရေသေနတ်ကိုမြင်မှ ကိုယ့်ပစ္စည်းကို သတိရသွားပြီး မျက်လုံးပြူးသွားရသည်။''ကိုကြီး...''
''အင်း...ဘာဖြစ်လို့လဲ..''
တိုက်ရှေ့ရောက်ခါမှ မျက်လုံးလေးဝိုင်းပြီး တစ်ခုခုကို သတိရသွားတဲ့သူမလေးကြောင့် မေးလိုက်သည်။
''မိုင်ရဲ့ ရေသေနတ်ကြီး ကျန်ခဲ့ပြီ..ကားပေါ်မှာ''
''သင်္ကြန်ပဲ ပြီးတော့မှာ..ထားလိုက်ပါကွာ...''
''ဟာ..မထားပါဘူး..ပြန်ယူပေး''
''ကိုယ့်ရုံးက ကောင်လေးတွေကားလာပို့ရင်ထည့်ယူခိုင်းလိုက်မယ်...''
''အင်း..ယူခိုင်းလိုက်...''
.
.
.နှစ်ယောက်အတူ ဓာတ်လှေကားဖြင့် အိမ်ပေါ်တက်လာပြီး ရေစိုနေတဲ့အဝတ်တွေကြောင့် ချမ်းသလိုရှိလာပြီး အိမ်ထဲရောက်မှနွေးထွေးသွားရသည်။ဂုဏ်ရောင်က အိပ်ခန်းထဲတန်းဝင်သွားပြီး၊မိုင်လေးကတော့ထမင်းစားခန်းထဲတန်းဝင်သည်။ရေသောက်ရင်းနဲ့ ရေခဲသေတ္တာဖွင့်ပြီး ဘာစားရမလဲဟု ရှာပုံတော်ဖွင့်လိုက်သည်။
''သည်းငယ်...''
''ရှင်...''
ထမင်းစားခန်းထဲက ရေခဲသေတ္တာရှေ့မှာ အသီးယူစားနေတဲ့ မိုင်က ခေါ်သံကြောင့်လက်ထဲကအသီးတွေခွဲ
ထည့်ထားတဲ့ဗူးကိုပစ်ချပြီး အသံပေးရင်းအပြင်ထွက်လိုက်သည်။''အအေးပက်မယ်..ရေချိုးလေ''
''အင်း..အသီးစားနေလို့..''