Part-2

8 0 0
                                    

‘’အကိုဝမ်… ကျန်းကျန်းက မကြာခင်မှာ နိုးလာမယ်လို့ အကိုထင်ကတည်းက ဘာလို့ ကျန်းကျန်းနဲ့ ရိရန်တို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့လုပ်ရတာလဲ…’’ ရုတ်တရက် ချီယန် မေးလိုက်သည်။

တဖက်သူမှာ တခဏမျှ ပြောစရာစကားများ ပျောက်ရှသွားသည်။

‘’အန်ကယ်ချီ… အန်တီချီ… ဒီလက်ထပ်ပွဲကို ကျွန်တော့်ဘက်က ဖျက်သိမ်းမှဖြစ်မယ်… ကျွန်တော်နဲ့ ကျန်းကျန်းကြားမှာ ဘာဆက်ဆံရေးမှရှိမနေဘူး… တကယ်လို့ ကျန်းကျန်းသာ ကိုမာဖြစ်မနေဘူးဆိုရင် ဒီလက်ထပ်ပွဲကို ကျွန်တော်ဖျက်သိမ်းမှာ အသေအချာပဲ… အချစ်ကို ဘာနဲ့မှ တွန်းအားပေးလို့မရနိုင်ပါဘူး… ဒါကြောင့် အန်ကယ်နဲ့ အန်တီ ကျွန်တော့်ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်…’’

ဝမ်ရိရန် သူ့ဖခင်အရှက်ရမည်ကို သည်းမခံနိုင်ပဲ အရှေ့သို့ထွက်ကာ အပြစ်ရှိသောလေသံဖြင့် လေးလေးနက်နက်ပြောလိုက်သည်။

တင်းရိကျွင်း ဒေါသထွက်စွာဖြင့် ‘’ ရိရန် … မင်း တော်တ်ာလွန်နေပြီ… ကျန်းကျန်းက အိပ်ယာပေါ်မှာ လှဲနေတုန်းရှိသေးတယ်… မင်းက ဒီလိုစကားမျိုး ပြောထွက်တယ်ပေါ့’’

ပြောရင်းဖြင့် သူမ ငိုလိုက်မိသည်။

‘’အန်တီ… အရမ်းဝမ်းမနည်းပါနဲ့… အစ်မ ကျန်းကျန်းကလဲ အန်တီ ဒီလိုငိုနေတာကို မြင်ချင်မှာမဟုတ်လောက်ဘူး’’

မျက်ဝန်းများအနီရောင်သို့ ပြောင်းလဲလာသည့် အန်းချင်ယုက ဝမ်ရိရန်ကို ကြည့်လိုက်ပြီး ‘’ အကိုရိရန်… ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့…’’

စေ့စပ်ပွဲ မဖျက်သိမ်းမည်ကိုစိုးရိမ်သွားသော်လည်း အန်းချင်ယု၏သနားစဖွယ် အမူအယာကိုကြည့်ပြီး အံကြိတ်လိုက်မိကာ သူ့မျက်နှာထက်တွင် ခိုင်မာသည့် ဆုံးဖြတ်ချက်ကိုချလိုက်ပုံပေါ်သည်။

သူ့အနေဖြင့် ချင်ယုကို ဒီထက်ပိုပြီးခံစားရအောင် မလုပ်သင့်တော့ပေ။ ဒီလက်ထပ်ပွဲကို ဖျက်ပစ်မှဖြစ်မယ်။

‘’ချင်ယု..’’ တင်းရိကျွင်း အန်းချင်ယုကိုဖက်ရင်း ငိုတော့သည်။

CP-Free NovelWhere stories live. Discover now