နောက်ဆုံး ဝမ်ယွီ ပန်းသီးများကိုမကြည့်ဘဲ သူ၏မျက်လုံးအစုံသည် ချီကျန်းကျန်းမျက်နှာဆီသို့ ရွေ့လာသည်။
ဝမ်ယွီနှင့်ချီကျန်းကျန်းတို့ အရင်ကတွေ့ဆုံဖူးသော်လည်း တစ်ယောက်နှင့်တစ်ယောက် သတိမထားမိသလောက်ပင်ဖြစ်သည်။ ဝမ်ယွီ သည်
အလွန်အလုပ်များသောသူတစ်ယောက်ဖြစ်သ ည့်အတွက် ချီကျန်းကျန်းလိုလူမျိုးသည် သူ၏မှတ်ဥာဏ်ထဲတွင် လုံးဝမရှိပေ။
ဒီနေ့ သူ၏စေ့စပ်ထားသူအဖြစ် ရောက်ရှိသွားချိန်မှာတောင် သူမအား သူ့ဘက်မှ စေ့စေ့ကြည့်ခဲ့ခြင်းပင်မရှိ။
ဒီတစ်ကြိမ်တွင်တော့ သူ ချီကျန်းကျန်းကို သေသေချာချာ ကြည့်လိုက်သည်။
ချီမိသားစု၏ မျိုးရိုးဗီဇသည် အလွန်ကောင်းသည်။ ချီကျန်းကျန်းသည် လုံးဝလှပသည့်အသွင်အပြင်ရှိပြီး
မျက်ခုံးမွှေးများမှာလဲ သိသာထင်ရှားသည်။ အထူးသဖြင့် သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက သူမကို ရှိရင်းအသက်ထက် ပိုငယ်ရွယ်စေသည်။
သူမ၏ အသားအရေသည် ဖြူဖွေးပြီး ဖြောင့်စင်းသောနှာတံ နှင့် ဆေးမခြယ်ထားသော နီရဲသေးငယ်သည့် နှုတ်ခမ်းလေးရှိသည်။
သူမ ခါးအထိရှည်သော ဆံပင်သည် ရက်အတော်ကြာအိပ်ယာထဲ လှဲခဲ့ရသည့်အတွက် အနည်းငယ်ရှုပ်ပွနေပြီး OCD ရောဂါရှိသည့် ဝမ်ယွီ ကိုမျက်မှောင်ကြုတ်စေကာ သူ၏အတွင်းစိတ်ကို အတင်းဖိ၍ ထိန်းထားလိုက်ရသည်။
သူမ မျက်နှာသည်ရိုးရှင်းပြီး သန့်ရှင်းကာ အန္တာရယ်ကင်းပုံပေါ် သော်လည်း သူမ၏မျက်ဝန်းအစုံသည် ယခုအချိန်တွင် မီးတောက်နေပုံရကာ လူကိုပို၍ အသက်ဝင်စေသည်။
သူ သူမကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏အကြည့်ထဲတွင် ဝမ်ရိရန်
အားရွံရှာစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒီ....
မည့်သည့်အခါမှ သူ၏ခံစားချက်ကို မျက်နှာပေါ်တွင်မပြသည့် ဝမ်ယွီ သည် သူ့ နှုတ်ခမ်းကိုအပေါ် တက်သည်အထိ တွန့်ကွေးလိုက်မိသည်။
YOU ARE READING
CP-Free Novel
Romanceချီကျန်းကျန်းသည် ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် အိပ်ယာပေါ်တွင်လှဲနေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ သူမ စိတ်ထဲတွင် အချစ်အကြောင်းမပါသည့်ဝတ္ထု တစ်ပုဒ်ပေါ်လာသည်။ မူလဝတ္ထုထဲတွင် ကားအက်ဆီးဒင့်ကြောင့် ချီမိသားစု၏သမီးသည် ကိုမာဖြစ်သွားသည်။ စေ့စပ်ပွဲက ဆက်လက်၍...