Part-6

4 0 0
                                    

ချီကျန်းကျန်း၏

ရွဲ့စောင်းနေရမည့်မျက်နှာပေါ်တွင် သူတို့မိဘအား

ကျေးဇူးတင်စကားဆိုနေသည်ကို အမှန်ပင် သူတွေ့နေရလေသည်။ ထိုအခြင်းအရာသည်

သူ့အား စိတ်ဆိုးသွားစေပြီး

ချီကျန်းကျန်း နင်ရူးနေပြီလား.. ကားအက်စီးဒင့်ဖြစ်ပြီး ခေါင်းထိသွားတာလား" အားပါးတရကျိန်ဆဲပြီးနောက် ချီကျိုးချန် အခန်းထဲမှ လှည့်ထွက်သွားသည်။

နောက်တွင်ကျန်ရစ်ခဲ့သည့် ချီကျန်းကျန်း

အော်ပြောလိုက်သည်။

ဒီလကစပြီးပေးမှာလား…

ပိုက်ဆံလွှဲပေးပြီးရင် ငါ့ကိုသတိပေးဦးနော်..."

ချီကျိုးချန် " …. "

သူဒေါသထွက်လွန်း၍ ခြေခေါက်လဲကျမတတ်ပင် ဖြစ်သွားသည်။

ချီကျန်းကျန်း တမင်သက်သက် ဒါကိုလုပ်လိုက်တာပဲဖြစ်မယ်……

ချီကျိုးချန်ထွက်သွားပြီး နှစ်နာရီခန့်ကြာပြီးနောက် ကောင်းကင်သည်

လုံးဝမဲမှောင်သွားကာ ချီနှင့်ဝမ်မိသားစုသည် အလျင်အမြန်ရောက်လာကြပြန်သည်။

"အစ်မ ကျန်းကျန်း နောက်ဆုံးတော့ နိုးလာပြီပေါ့…" သူမအား အရင်ဆုံးပြေးဖက်ပြီး ငိုကြွေးသူမှာ သူမ၏ဝမ်းကွဲညီမ ကြာပန်းဖြူမပင် ဖြစ်လေသည်။

ချီကျန်းကျန်း အနောက်သို့အသာဆုတ်လိုက်ပြီး အနည်းငယ်ရှောင်လိုက်သည်။

အန်းချင်ယု အေးခဲသွားသည်။

တင်းရိကျွင်းလည်း သူမမျက်ရည်တွေကိုသုတ်လိုက်ပြီး သူမကိုယ်သူမ မထိန်းနိုင်ဟန်ဖြင့် “ ကျန်းကျန်း… ချင်ယုကလည်း သမီးလဲနေတဲ့ V ဒီရက်ပိုင်းအတွင်း စောင့်ရှောက်ပေးထားတာ. သူက သမီးကိုနေ့တိုင်း အဖော်လာလုပ်ပေးနေတာလေ... ပြီးတော့ သမီးအတွက်ငိုရလွန်းလို့ သူ့မျက်လုံးတွေတောင် ဖောင်းအစ်နေပြီ..."

တင်းရိကျွင်းသည် အလွန်ကျက်သရေရှိသော အမျိုးသမီးဖြစ်သည်။ သူမတွင် မိုးမခပင်ကဲ့သို့မျက်ခုံးမွှေး မက်မွန်သီးမျက်လုံးနှင့် ကောင်းမွန်စွာထိန်းသိမ်းထားသော ဂန္တဝင်ဆန်သည့်အလှမျိုးရှိသည်။ သူမသည် အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်နှင့် လုံးဝမတူပေ။

CP-Free NovelWhere stories live. Discover now