Part -10

26 1 0
                                    

နောက်တစ်နေ့တွင် ဝမ်ယွီ

အချိန်ကိုက်ရောက်လာခဲ့သည်။

ချီကျန်းကျန်း ဆေးရုံတက်ရသည့်နေ့များတွင် သူမအတွက်အဝတ်အစား မည်သူမှယူလာမပေးပေ။ ထို့ကြောင့် သူမသည် ရွေးစရာမရှိဘဲ ဆေးရုံဝတ်စုံကိုသာ ဝတ်ထားရသည်။

သူမ ထွက်မသွားခင် သူမကိုယ်သူမ မှန်ထဲတွင်တစ်ချက်ကြည့်လိုက်သည်။

သူမ၏ဘဝအသစ်ကို ခပ်မြန်မြန်ဖြင့် လက်ခံလိုက်နိုင်သည်မှာ သူမသည် အလွန်လှပနေသောကြောင့်ဖြစ်သည်။

အင်း... လှလို့တော့မဟုတ်ဘူး... ပထမအချက်က မွေးရာပါဗီဇက အရမ်းကောင်းနေတာ ပြီးတော့ ဒုတိယအနေနဲ့ အလှတရားဆိုတာလိုအပ်လို့ဖြစ်သည်။ အလှတရားသာရှိလျင် လိုအပ်သည်များကို ရယူရန်မှာ မခက်ခဲ့တော့ပေ။

သူမသည် ကျန်းကျန်း၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။

မှန်ထဲရှိ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော ကောင်မလေးသည် သူမ မှတ်မိထားသည့် ကျန်းကျန်းထက် ပို၍ပိန်ကာ အသားအရောင်မှာ ဖြူဖျော့နေပြီး သူမအသွင်အပြင်သည် ပို၍နူးညံ့နေသည်။ သူမ၏ မျက်နှာကျသည် ဘဲဥပုံစံဖြစ်ကာ အလွန်အမင်း ကြည့်ကောင်းနေလေသည်။

သူမမျက်နှာကိုတစ်ချက်ထိလိုက်ပြီး ဆေးရုံဝတ်စုံဝတ်လျက်နှင့် လက်ဗလာဖြင့် ထွက်လာခဲ့သည်။

သူမမျက်နှာကိုတစ်ချက်ထိလိုက်ပြီး ဆေးရုံဝတ်စုံဝတ်လျက်နှင့် လက်ဗလာဖြင့် ထွက်လာခဲ့သည်။

သူမတွင် တကယ်ကို ပြန်ယူစရာ ဘာမှမရှိပေ။ သူမတွင်ရှိသည့်အရာမှာ ကားအက်စီးဒင့်က ရရှိထားသော ဒဏ်ရာသာရှိသည်။

တံခါးဝတွင် ဝမ်ယွီ သည် ကားဘေးတွင်ရပ်နေပြီး ဖုန်းမှ မက်ဆေ့များကိုငုံ့ဖတ်နေသည်။

ဒီ big boss ကြီးက သူမကိုခေါ်ဖို့ တကယ်ကြီးရောက်နေတာပေါ့လေ……

ဝမ်မိသားစု၏ စေ့စပ်ထားသူအနေဖြင့် သူမအပေါ်တွင် ကောင်းသည့်အမြင် မရှိနိုင်ပေ။ အကယ်၍ သူမသာ သူ့အနားမှာ တွယ်ကပ်နေမည်ဆိုလျင် ဝမ်မိသားစုကို မဖျက်ဆီးခင်

You've reached the end of published parts.

⏰ Last updated: Apr 10, 2023 ⏰

Add this story to your Library to get notified about new parts!

CP-Free NovelWhere stories live. Discover now