" ဆရာ Emergency Case တစ်ခု inform ချင်လို့ပါ "
ညဆယ်နာရီဝန်းကျင်လောက်မှာ ဖုန်းဝင်လာခဲ့သည်။တာဝန်ကျ ညဂျုတီဆရာဝန်လေးက ရောက်လာသည့် လူနာအကြောင်း အပြည့်အစုံတင်ပြလာသည်ကို နားထောင်ပြီးနောက် ပြင်ဆင်ထားရမည်များကို ညွှန်ကြားလိုက်သည်။
" OT inform တင်ထားလိုက်ပါ လိုအပ်တာတွေပါ အကုန်ပြင်ဆင်ထားလိုက် အစ်ကိုလာတာနဲ့ OT ထဲကို တန်းလာခဲ့မယ် "
သူ့အတွက်တော့ ညဘက်ကြီး တောင်အောက်ဆင်းရသည်က အန္တရာယ်များနိုင်သော်လည်း လူနာအခြေအနေက အရေးပေါ်ဖြစ်နေသည်မဟုတ်လား။ တာဝန်ကျနေသည့် အငယ်ဝန်ထမ်းများဆိုလျှင် ပြာယာခတ်ကာပြေးလွှားနေရလောက်ပြီ။ အိမ်မှမထွက်ခင် ကော်ဖီတစ်ခွက် ကို ဖျော်ကာ အမြန်မော့သောက်ခဲ့ရသည်။ ဆေးရုံသို့ သူရောက်သည့်အချိန်တွင်မူ ခွဲခန်းထဲတွင် အဆင်သင့်ပြင်ဆင်ပြီးသားဖြစ်နေခဲ့ချေပြီ။
" ဖြိုးသူ ပြော "
လက်ဆေးသည့်နေရာတွင် brush ဖြင့် လက်တစ်ချောင်းချင်းစီ ပွတ်တိုက်ဆေးကြောနေတုန်း ဆရာဝန်ဖြိုးသူအား လူနာနဲ့ပတ်သက်ပြီး စစ်ဆေးထားသည့် ရလာဒ်များကို မေးရသည်။
" Patient က Retro ပါဆရာ USG result လည်း အခုပဲရလာပါတယ် GU perforation ပါ
ရောက်လာခါစက BP တွေထိုးကျနေလို့ Drip ၂လုံး run ထားပါတယ် အခုတော့ stable ပါပဲ Blood Group က B plus
Blood 2U reserve လုပ်ထားတယ်ဆရာ
Hb% က 10 ပါ "( Retro- HIV ပိုးရှိ
USG result- အာလ်ထရာဆောင်းအဖြေ
Blood 2U reserve သွေးနှစ်လုံး အရံဆောင်ထား
Hb သွေးအားရာခိုင်နှုန်း )" Retro အတွက်က Treatment ယူထားတဲ့ History ရှိလား "
"မယူထားဘူးဆရာ အခုမှ သိရတဲ့ပုံပါပဲ "
" Ok အဲ့တာဆို ဆရာအရုဏ်ကို show ဖို့ပြင်ထားပါ အရင်ဆုံးတော့ လူနာကို Counselling လုပ်ရမှာပေါ့ "
လက်ဆေးပြီး ခွဲစိတ်ခန်းထဲဝင်လိုက်သည်နှင့် ဆရာမတစ်ယောက်က ခွဲခန်းဝတ်စုံလဲသည့်နေရာတွင် အသင့်စောင့်နေသည်။ ပိုးသတ်ထားသည့် ပဝါဖြင့် လက်ကို စနစ်တကျသုတ်ပြီးမှ ခွဲခန်းဝတ်စုံကို နည်းလမ်းမှန်ကန်စွာဖြင့် ဝတ်လိုက်သည်။ ကျောတွင်ချည်ရမည့်ကြိုးတွေကိုတော့ ဆရာမလေးက ကူညီပေးသည်။ လက်အိတ်ကို ဝတ်ပြီး ခွဲစိတ်ကုတင်နားရောက်တော့ လူနာကိုလည်း ခွဲစိတ်ရန်အသင့်ပြင်ဆင်ပြီးသားပင်။ မေ့ဆေးဆရာဝန် က ခေါင်းရင်းဘက်တွင် ထိုင်ကာ စောင့်ကြည့်နေခဲ့သည်။
YOU ARE READING
မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed
Roman d'amourခွဲစိတ်ဆရာဝန်နဲ့ အထွေထွေရောဂါကုဆရာဝန် ကြားက ဇာတ်လမ်းတစ်ပုဒ် ပါ မတူညီတဲ့ပြိုင်မျဥ်းတွေဟာ လားရာတစ်ခုတည်းအတူသွားကြတဲ့အချိန်မှာ မတော်တဆ ဆုံစည်းမိတတ်ကြတာပဲ မဟုတ်ပါလား အရေးပေါ်အခြေနေတွေကြားကနေ ဖြစ်ပေါ်လာမယ့် အချစ် Emergency Love Story ပါပဲ