Part - 1
ချစ်သော အညို
တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲမှာ ထိုင်နေတဲ့လူသုံးယောက်ရဲ့ မျက်နှာတွေကမသာမယာ ။ ဖိုးဖိုးရောဖွားဖွားကပါ ကိုယ့် မျက်နှာကိုသာ ငေးကြည့်နေမှန်းသိနေသည် ။တော်တော်ကြာအောင် ငြိမ်သက်နေပြီးကာမှ ဖိုးဖိုးကြီးက ချောင်းတစ်ချက်ဟန့်လိုက်ကာ
" အဟမ်း! ! ကဲ အဖွားကြီး ဒီအတိုင်းထိုင်နေလို့ ပြီးမှာမှ မဟုတ်တာ ၊ ခရီးသွားဖို့ လိုအပ်တာတွေထည့်တော့ ၊မြေးလေးကလည်း စိတ်ကိုဖြေနိုင်သလောက်ဖြေနော် ၊ လူရယ်လို့ဖြစ်လာရင် အကုန်လုံးက ဒီသေလမ်းဆိုတာကြီးကို မလွှဲမသွေ သွားကြရမှာပဲ
လေ ၊ ရောဂါတွေအကြာကြီးမခံရဘဲ သက်သက်
သာသာ သွားခွင့်ရတာလည်း ကံကောင်းခြင်း
တစ်မျိုးလို့သာတွေး ၊ ကိုယ်လည်း ဘာမှမတက်နိုင်တဲ့ကိစ္စတွေအတွက် ကိုယ့်ကိုကိုယ် အပြစ်
တင်မနေနဲ့ ၊ မြေးလေး ပင်ပန်းနေရင် ဖွားဖွားကြီးကို လိုတာတွေပြောလိုက် ၊သူထည့်ပေးလိမ့်မယ်"ဖိုးဖိုးကြီးရဲ့စကားအဆုံးမှာတော့ ခွန်, က မျက်နှာကိုလက်ဖဝါးနဲ့ နေရာအနှံ့ ပွတ်သပ်လိုက်ရင်း
" ကျွန်တော်က ဘာမှအများကြီးမယူပါဘူး ၊ အဝတ်
အစားလေး နည်းနည်းပဲယူမှာဆိုတော့ ဖွားဖွား
မထည့်ပေးလည်းရတယ် ၊ အခုပဲ သွားပြင်လိုက်ပါ့
မယ် "ဖွားဖွားက ကိုယ့် ကျောပြင်လေးကို အသာအယာ
ပုတ်ပေးလိုက်ရင်းကနေ" ခွန်လေး, လိုတာတွေသေချာထည့်နော် ၊ သား
ဟိုတလောက အစာအိမ်အောင့်သေးတယ်မဟုတ်လား ၊ ဆရာဝန်ပေးထားတဲ့ဆေးတွေကိုမမေ့နဲ့ "" ဟုတ်ကဲ့ ဖွားဖွား "
" အေး မြေးကိုပဲသတိပေးမနေနဲ့နော် အဖွားကြီး ၊
ခင်ဗျားအတွက် လိုအပ်တဲ့ဆေးတွေလည်း သေသေချာချာပါအောင်သယ် ၊ ဟိုမှာက အလွယ်တကူ
ဝယ်လို့ရတာမဟုတ်ဘူး ၊ သွားတော့လည်း ရေလမ်းခရီးသွားရမှာ "ဖွားဖွားက ဖိုးဖိုးကြီးကို မျက်စောင်းခဲလိုက်ရင်း
" ဒီအဖိုးကြီးနှယ် ကြံဖန်ပူနေပြန်ပါကော ၊ တစ်အိမ်
လုံးစာ စီစဉ်နေတဲ့သူပါတော့ ၊ ပူတက်ရန်ကောအေ "
YOU ARE READING
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw