Part - 4
ချစ်သော အညို
ပုဆိုးကို တိုတိုဝတ် ၊ ရေလှည်းကြီးတွန်းပြီး ခြံထဲဝင်
လာတဲ့ မောင်ဖြစ်သူကိုကြည့်ကာ ယမင်းခင် တစ်
ယောက် ဈေးရောင်းနေရင်းနဲ့ မျက်နှာကိုတစ်ချက်
မဲ့လိုက်ပါသည် ။ အိမ်မှာဆို ခြေဆယ်ချောင်း
လက်ဆယ်ချောင်း စုစုပေါင်းအချောင်းနှစ်ဆယ်မှာ တစ်ချောင်းတစ်လေကလေးကိုမှ အားနာပါးနာနဲ့မချိုးတဲ့အကောင်က မိုးမလင်းခင် ရေထတွန်းသတဲ့ ။
ကြားသားမိုးကြိုး ။ ကမ္ဘာကြီးပဲ လုံးရာကနေ
ပြားချင်ပြားသွားလိမ့်မယ် ။ ငမိုရ်တို့က နောက်ကျောကနေဓားနဲ့မိုးပြီး အလုပ်လုပ်ခိုင်းရင်တောင်
တသက်လုံးအိမ်အလုပ်ကို လုပ်မယ့်ကောင်စား
မဟုတ် ။ကမ်းသာယာက ပင်လယ်အရပ်ဒေသပေမယ့် ရွာရဲ့ကုန်းဘက်က ရေချိုလည်းရတာမို့ ယမင်းတို့အိမ်မှာ ရေတွင်းတူပြီးသား ။ ရေတင်စရာရှိရင် စက်လေးမောင်းတင်လိုက်ရုံသာ ။ ဘာမှပင်ပန်းပန်းနဲ့
ရေတွန်းနေစရာမလို ။ ရေလှည်းတွေ ဆောင်ထားတဲ့အကြောင်းက ရွာမှ သုံးရေကို ဘုန်းကြီးကျောင်း
ရေတွင်းကနေတွန်းပြီးသုံးရတဲ့သူများတာကြောင့်
လှည်းရှိတဲ့အိမ်တွေက ကိုယ်လှည်းနဲ့ကိုယ်ရေတွန်း ။ လှည်းမရှိတဲ့သူတွေက လှည်းငှါးပြီးတွန်း ။ အိမ်မှာလည်း ရေလှည်းတစ်စီးကို တစ်နာရီသုံးရာနဲ့ လှည်းငှါးဖို့အတွက် ရေလှည်းနှစ်ခုရှိနေတာ ။ဒီနေ့တော့ မနက်အစောကြီး ရေစက်မောင်းသံကြားလို့ ဈေးဆိုင်ထုတ်နေရင်း သွားကြည့်လိုက်မိတာ
ကြားသားမိုးကြိုး လွဏ်းရိပ်မိုရ်တစ်ယောက် ရေပုံး
တွေထဲ ရေထည့်နေတာ ။ ထူးထူးဆန်းဆန်းမို့
ဘာလုပ်ဖို့လဲ မေးလိုက်မိတဲ့အခါ* ငမိုးတို့အိမ် ရေသွားပို့မလို့ * ဆိုပဲ ။
ဖြစ်ရလေ အိမ်အတွက်သုံးဖို့ရေကိုအသာထားလို့ သူချိုးဖို့ရေတောင် အိမ်ကအလုပ်သမားတွေက
စက်မောင်းတင်ပေးရတဲ့ကောင်က ကျားကျားယားယား ယောကျ်ားသားလေးယောက်နေတဲ့အိမ်ကို
မိုးမလင်းခင် ရေသွားပို့သတဲ့ ။ ပြီးတော့ သူ့ဘာသာပြောသွားသေးသည် ။* ဘကြီးကဆုံး အဒေါ်က သီလရှင်ဝတ်နဲ့ ဟိုမြို့
ကြီးသားက ဘာမှလုပ်တက်မှာမဟုတ်ဘူး ၊ သနားပါတယ် ၊ ငမိုးတို့သုံးကောင်ကလည်း သုံးစားမရတဲ့
ငပျင်းတွေ * တဲ့ ။
YOU ARE READING
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw