Part - 7
ချစ်သော အညို
အငယ်သုံးယောက်က ကိုယ်ဆူလိုက်တာနဲ့ မျက်နှာ
ငယ်လေးတွေနဲ့ သနားစဖွယ်လုပ်နေပေမယ့် ငဂျစ်
ကောင်ကတော့ ကိုယ့်မျက်နှာကိုသာ မလွတ်တမ်း
စိုက်ကြည့်နေသည် ။ ကိုယ်က စိတ်တိုတိုနဲ့ပြော
နေပေမယ့် သူက ကိုယ့်ကို မျက်တောင်မခတ်တမ်း
ကြည့်နေတာမို့ ကြာတော့ စိတ်ထဲ မလုံမလဲတောင်ဖြစ်လာမိတဲ့အထိ ။" မနက်ဖြန်ကနေစပြီး မင်းတို့သုံးကောင်စလုံး
အလုပ်လုပ်ဖို့ပြင် ၊ တစ်နေ့ကို ပိုက်ဆံငါးထောင်
ရအောင် မရှာနိုင်ရင် ထမင်းစားဖို့စိတ်မကူးနဲ့ ၊
အဲဒါကိုမှ မကျေနပ်ရင် ကိုယ့်ဘာသာအိုးခွဲချက်စား
ကြ ၊ အိုးခွဲပြီးလည်း ချက်မစားနိုင်ဘူးဆိုရင် ငါပြန်
မယ် ၊ ပြောတာကြားလား "" ဟုတ်ကဲ့ပါ "
" ဟုတ်ကဲ့ "
" ဟုတ် "
သုံးယောက် အသံသုံးသံ တစ်ပြိုင်ထဲထွက်လာ
ပြီးတာနဲ့" အေး! !!!! ဟုတ်ကဲ့ဆိုရင် ပြီးတာပဲ အခုကိုယ့်
အခန်းကိုယ်သွားတော့၊ စားစရာကတော့ ဘာမှမရှိဘူး ဗိုက်ဆာရင် ရေသောက်ဗိုက်မှောက်သာနေလိုက် ၊ မီးဖိုချောင်ဘက်ခြေဦးတောင်မလှည့်နဲ့ "ကိုယ့်စကားဆုံးတာနဲ့ အငယ်သုံးယောက်က
ကုတ်ချောင်းချောင်းနဲ့ထသွားပေမယ့် ငဂျစ်ကောင် ကတော့ထိုင်နေတုန်းမို့" မင်းလည်း အိမ်ပြန်တော့လေ "
ကိုယ်ကပြန်ခိုင်းပေမယ့် ဒင်းကထိုင်နေရာကနေ
တုတ်တုတ်တောင်မလှုပ်။ ကိုယ့်ကို မျက်နှာသေနဲ့
ကြည့်လာရင်း" ဟို မေးစရာလေးရှိလို့ပါ "
လာပြန်ပြီ မိကျောင်သား ။
" မင်းက ဘာအကြောရှည်ဦးမလိုလဲ "
" အကြောမရှည်ပါဘူး အညိုရယ် တကယ်မေးစ
ရာရှိလို့ပါ ၊အညိုက ထမင်းမချက်တာ တကယ်လား "" အကယ်ပေါ့ ဘာလဲ အားအားစားစား ငါက နောက်ပြောင်နေတဲ့ရုပ်ပေါက်နေလို့လား "
" မဟုတ်ပါဘူး !မဟုတ်ပါဘူး အညိုရယ် ၊
အဲလိုသဘောနဲ့ မေးတာမဟုတ်ရပါဘူး ၊ နေ့လည် ကျရင် အညို ဗိုက်ဆာမှာစိုးလို့ပါ နေ့လည်စားဖို့ ဘာရှိလဲဟင် "
YOU ARE READING
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw