Part - 22ချစ်သော အညို
ဒီလိုနဲ့ပဲ အချိန်တန်အိမ်ပြန်ရမယ့်နေ့ကို ရောက်
လာပြီး မိုရ်တို့နှစ်ယောက် ရွာပြန်လာခဲ့ကျတော့သည် ။ မပြန်ခင် အမကို ဖုန်းဆက်လိုက်တော့ သူနဲ့ သူ့အမျိုးသားက အိမ်ပြန်ရောက်နေပြီတဲ့ ။ ကိုယ်
တွေအိမ်က အလုပ်တွေများလွန်းတာမို့ အမေက
စိတ်လျှော့ပြီး အမတို့လင်မယားကို ပြန်ခေါ်လိုက်တဲ့ပုံပဲ ။ အိမ်ဈေးဆိုင်က အမမရှိရင် မဖြစ်ဘူးလေ ။ အိမ်မှာက ဈေးဆိုင်အတွက် အလုပ်သမား ငါးယောက်ရှိတာတောင် လက်လည်တာမဟုတ် ။ အဲဒီတော့ အမက အိမ်ပေါ်ပြန်တက်ဖို့ လွယ်သွားတာပေါ့ ။ကိုယ် ကတော့ ခပ်ပြတ်ပြတ်ပဲ ။ အညို တို့ အိမ်မှာ
လိုက်နေမှာပါ ။ ကိုယ့်အိမ်မှာနေရင် အနေအစားသာတာ သိပေမယ့် အမေ့ပြောပုံဆိုပေါက်နဲ့ အညို
ပဲစိတ်ညစ်ရမှာ ။ နောက်ပြီး အညို က သူ့ညီတွေကို ထားခဲ့မယ့်ပုံမပေါ် ။ ဘာပဲဖြစ်ဖြစ် အညို တစ်ယောက်ထဲ သူ့အိမ်တာဝန်ကို ကျားကန်နေရတာ။ ကိုယ်က တက်နိုင်သလောက်ကူရမှာပဲ ။ အညို့ ကို သနားတာလည်းပါတာပေါ့ ။ပုသိမ်ကနေအပြန် ကားပေါ်ရောက်တော့ နေ့လည်
လောက်ဖြစ်နေပြီမို့ မိုရ်, အိပ်ချင်လာပါသည် ။ အညို့ ကိုကြည့်လိုက်တော့ သီချင်းနားထောင်နေတာမို့ နားကျပ်ကိုဆွဲဖြုတ်လိုက်တော့ သူက လှည့်
ကြည့်လာရင်း ------" ဘာဖြစ်လို့လဲ မိုရ် "
" ရေဆာတယ် "
ကိုယ့် စကားကြောင့် အညို က အိတ်ထဲကရေဗူးကို ထုတ်ပေးလာတာမို့ ခပ်တည်တည်နဲ့ လက်ပိုက်
ထားလိုက်ရင်း ------" လက်မအားဘူး အညို ရယ့် "
မိုရ့် ,ရဲ့ စကားကြောင့် အညို့ ,က သူ့ကို သက်
သက် ဂျစ်ကျနေတာကိုသိသွားပြီး ရေဗူးကို ဖွင့်ပေးရင်း ပိုက်လုံးပါထည့်လိုက်ကာ ပါးစပ်နား တေ့
ပေးလာပေးသည်။ ရေကို သောက်ပြီးတာနဲ့ ------" အိပ်ချင်တယ် အညို "
အညို က ရေဗူးကို ပြန်ပိတ်လိုက်ရင်း ------
" အိပ်ချင်ရင် အိပ်လေ မိုရ် ရယ့် "
" အညို့ ကို မှီအိပ်မယ်နော် "
YOU ARE READING
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw