Part - 16
ချစ်သော အညို
ကိုယ့်ရင်ဘက်ပေါ် ခေါင်းလေးတင်ပြီး စကားသံတိုးတိုးလေးနဲ့ပြောနေတဲ့ ကောင်လေးကိုကြည့်ရင်း ခွန် သနားသွားပါတယ် ။ မိုရ် ဟာ ကိုယ့်ကို တကယ်ချစ်ပေးရှာတာ သိပ်သိသာသည် ။ ကိုယ့်အတွက်ဆို အရာရာတိုင်း အဆင်သင့်ဖြစ်နေတက်တဲ့ ကောင်လေး ။ ဒါဆို ကိုယ်ကရော ။ ကိုယ်လည်း မိုရ့် ကို သံယောဇဉ်ရှိနေတာပဲ ။ သံယောဇဉ် ရှိလို့သာ ထိန်းနေရင်းနဲ့ ဒီလိုအခြေအနေထိ ရောက်လာခဲ့တာပေါ့။
ကိုယ့် စိတ်ကတစ်မျိုး ။ ကမ္ဘာပတ်ပြီး သင်္ဘောစီးနေတုန်းကလည်း နိုင်ငံခြားသူ ချောချောလှလှလေးတွေနဲ့ဆုံခဲ့ရတာပဲ ။ ယောကျ်ားလေးမို့ ကြုံရင်ပျော်လိုက်ပေမယ့် ဘယ်တော့မှ လိုအပ်တာထက်ပိုတဲ့ အခွင့်အရေးကိုမယူခဲ့ ။ ယောကျ်ားကောင်းဆိုတာ
ကိုယ့်ရဲ့တာဝန်ကို ကိုယ်ယူတက်ရမယ်လို့ ခံယူ
ထားတဲ့အတွက် ကိုယ်တာဝန်မယူနိုင်တဲ့ ကိစ္စမျိုးကို
ဘယ်တော့မှ လက်တည့်မစမ်းခဲ့ ။ဒီကောင်လေး ကိုယ့်အနားကို စရောက်လာထဲက
လည်း ကိုယ်ရှောင်ခဲ့ပါတယ် ။ ခက်တာက ဒီသောက်ကလေးက ပတ်ကျိလို တွယ်ကပ်နေတာ ။ ဒီ
ကြားထဲ ကိုယ်ကပါ စိတ်ပါလာလေမိတော့ အခု
လိုမမှားသင့်တာတွေမှားခဲ့ပြီ ။ ယောကျ်ားလေးချင်းပဲ ဘာဖြစ်မှာလဲဆိုတဲ့ စိတ်မျိုးတော့ တကယ်မထားနိုင်ပါ ။ယောကျ်ားလေးချင်းမို့ ပိုပြီး ထိန်းသင့်တာမဟုတ် ဘူးလား ။ အထူးသဖြင့် အကြီးဖြစ်တဲ့ကိုယ်က ပိုပြီးထိန်းရမှာ ။ မိုရ်ကတော့ ကိုယ့်ကိုချစ်နေပါတယ်လို့ အစထဲက ဝန်ခံထားလို့ ကိုယ်နဲ့လက်ပွန်းတတီးနေတယ်ထား ။ ကိုယ်က ဘာလို့လိုက်ပြီး သာယာမိသေးလဲ ။ လက်ခုတ်ဆိုတာ နှစ်ဖက်တီးလို့သာ
အသံမြည်လာတာလေ ။ အခုမှ ရှေ့ဆက်မဆိုင်
သလိုနေလိုက်မယ်ဆိုရင် ရှေ့ဆက်တစ်ဘဝစာလုံး
လိပ်ပြာလုံလုံ ဖြတ်သန်းနိုင်တော့မယ်မထင် ။အခု ကိုယ်ဘာလုပ်သင့်လဲ ။ လူကြီးတွေကိုရော
ဘယ်လိုရင်ဆိုင်ရမလဲ ။ နောက်ပြီး မိုရ်က ကျောင်း
ပြီးသေးတာမဟုတ် ။ ကျောင်းပြီးမှ ယူကြရအောင်
လို့ ပြောလိုက်ရင်လည်း မိုရ် ဝမ်းနည်းသွားမှာ သေချာတယ် ။ သူ့စိတ်ထဲမှာ ကိုယ်က တာဝန်မယူချင်လို့ အချိန်ဆွဲနေတယ်လို့ တွေးမှာအသေအချာ ။
သူ့နေရာမှာ ကိုယ်ဆိုလည်း အဲလိုတွေးမှာပဲမဟုတ်လား ။
YOU ARE READING
ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+Zaw